Part 8

10.7K 784 30
                                    

အိမ်ကနေ ကျောင်းကို သွားနေကျလမ်းက
ဒီနေ့မှ ပိုပိုပြီးရှည်နေသလို
အရင်က မက်မောခဲ့တဲ့ ထူးချွန်ကျောင်းသားတွေကိုပေးလေ့ရှိတဲ့
star တခုကိုလဲ ခုချိန်မှာမမက်မောနိုင်

Baekhyun အရမ်းဖျားနေတယ် ဆိုတဲ့
Omma ရဲ့အကြောင်းကြားမှုကြောင့်
စာသင်နေရင်း ဆရာမအလစ်ချောင်းပြီး အိမ်ပြန်လာခဲ့ရတယ်

အိမ်ထဲကို အပြေးအလွှားဝုန်းဒိုင်းကြဲဝင်လာပြီး

" Omma Hyun ရော ဘယ်လိုနေသေးလဲ
ဆရာဝန်ခေါ်ပြထားသေးလား
ဘာဖြစ်တာတဲ့လဲ "

" Baekhyun အိပ်နေပါတယ်ရှင်
သူက အပြင်ကပြန်လာတည်းက
ဆေးရုံတခါတည်းဝင်ပြီး
ဆေးဝယ်လာခဲ့ပြီးသားပါတဲ့ရှင်
ရိုးရိုးဖျားတာလို့ပြောပါတယ်ရှင် "

" Omma ခုချိန်မှာ မရွဲ့နဲ့ဗျာ
ကျတော် တကယ်စိတ်ပူနေရတာ "

" အေးပါ Omma ကလဲ နင်အရမ်းအဖြစ်သည်းနေလွန်းလို့ပါ
ဒါပေမယ့် ခုနကပြောတာတွေ အကုန်အမှန်တွေ "

" အင်းပါ ကျတော် သူ့ကိုသွားကြည့်လိုက်ဦးမယ်နော်
Omma ဆန်ပြုတ်ပြုတ်ပေးထားပါနော်
Hyun က ဖရုံသီးကြိုက်တာမို့ ဖရုံသီးဆန်ပြုတ်လေးပြုတ်ပေးပါ "

" ဩော် ဟုတ်ကဲ့
အမိန့်တော်အတိုင်းပါပဲ သခင်လေး "

" Omma !!! "

" သွား .. သွား ...
နင့်လင်အခြေအနေသွားကြည့်ချေဦး "

Omma မျက်စိနောက်လဲနောက်စရာပါပဲ
ကျတော်ကလဲ အရမ်းအဖြစ်သည်းနေမိနေတာ
ကျတော် hyun ကို ဒဏ်ရာသေးသေးလေးတောင်မရစေချင်တာ
အခုဖျားနေတယ်ဆိုတော့ စိုးရိမ်မှုက အတိုင်းအတာလွန်သွားတာပေါ့

အခန်းထဲရောက်လာတော့ အဖျားရှိန်နဲ့ မှိန်းနေတဲ့သူ့ကိုတွေ့ရတယ်
အဖျားကြောင့် အရမ်းအေးနေတယ်ထင်ပါတယ် နကိုတည်းက ခပ်သေးသေး သူ့ကိုယ့်လုံးလေးက
စောင်ပုံကြားထဲမြုပ်နေလိုက်တာ သူ့မျက်နှာခပ်သေးသေးလေးပဲမြင်ရပြီး ကိုယ်လုံးပျောက်နေတယ်

သူ့အနားလေးကပ်သွားပြီး အပူချိန်စမ်းကြည့်တော့

" အိုးးးးး ခြစ်ခြစ်တောက်ပူနေတာပဲ "

Love Affair ( Completed )Where stories live. Discover now