2

27.1K 1.2K 72
                                    

Zawgyi>>>

Yeol ကုတင်ပေါ်ငုတ်တုတ်လေးထိုင်နေရင်း ဒူးကိုပိုက်ကာငိုကြွေးနေမိသည်... Omma ကိုသတိရတယ်... ပြီးတော့ Yeol ဒီမှာလဲမနေချင်တော့ဘူး...

"Yeol..."

ခါးကိုလာရစ်ပတ်သောလက်အစုံကြောင့် Yeol အောက်နှုတ်ခမ်းကိုဖိကိုက်ထားမိသည်... Baekhyun...ထိုသူကို Yeol ကြောက်သည်...

သူက Yeol ကိုအရမ်းဂရုစိုက်ပါတယ် အိမ်ထဲကအပြင်မထွက်ခိုင်းတာကလွဲလို့ အလိုလဲလိုက်တယ်...Yeol ကိုဘာတစ်ခုမှထိခိုက်အောင်လဲမလုပ်ဘူး

ဒါပေမဲ့ Yeol သူ့ကိုအရမ်းကြောက်သည်...

သွေးအေးအေးနဲ့ ပြုံးပြတတ်တဲ့သူ...
သူကတကယ်ပဲအရိုင်းဆန်တယ်...

Yeol ကိုသူခေါ်ထားတာ ၂ ရက်မြောက်နေ့ပေါ့... Yeol မနေချင်တော့တာကြောင့် ထွက်ပြေးဖို့ကြိုးစားခဲ့တယ်...

Yeol ဘယ်သူမှမရှိတဲ့ဒီတောအုပ်ကြီးထဲမှာ မနေချင်ဘူး...ပြီးတော့ Omma နဲ့ခွဲအိပ်ရတာမကြိုက်ဘူး...
အဲ့ဒါကြောင့် Yeol ဖြစ်ချင်ရာဖြစ်ဆိုပြီး သူအပြင်ထွက်သွားတုန်း ပြတင်းပေါက်ကနေခုန်ချပြီး ထွက်ပြေးခဲ့တာ...

ကံဆိုးချင်တော့... Yeol ဒီတောရဲ့လမ်းတွေကိုမသိပါ... ရောက်တတ်ရာရာထွက်ပြေးနေပေမဲ့ တစ်နေရာတည်းကိုပဲပြန်ရောက်နေကာ တောမှာမျက်စိလည်နေတုန်း လူတစ်ယောက်နဲ့တွေ့တယ်...

အဲ့လူကသစ်ခုတ်တဲ့လူမို့လို့ တောထဲကိုလာတာလေ...Yeol အရမ်းဝမ်းသာသွားတာကြောင့် ထိုသူထံကိုပဲအကူညီတောင်းမိတယ်...

"Yeol ကိုကူညီပါနော် ဦးလေးကြီး...Yeol ဒီကထွက်ပြေးမှဖြစ်မှာမို့လို့ပါ"

Yeol ပုံစံကထိတ်လန့်တကြားဖြစ်နေသည့်အပြင် ကလေးအရွယ်လောက်သာရှိသေးတာကြောင့် ထိုသူလဲကူညီဖို့ဆုံးဖြတ်လိုက်တယ်...
သူ့အတွက်လူတစ်ယောက်ကို ကူညီရတာဒီလောက်ခဲယဉ်းတဲ့အလုပ်လဲမဟုတ်ပေ...

ကလေးတစ်ယောက်ကို ကယ်ရတာကုသိုလ်ရသည်ပဲ ဟူသောအတွေးဖြင့် ထိုကောင်လေးအား ခေါ်လာခဲ့မိသည်...

Yeol တိုထြွက်လာတာ တောအုပ်ထဲက ထွက်ဖို့နည်းနည်းသာလိုတော့သည်...
အားလုံးအဆင်ပြေနေခဲ့ပါတယ်...
တောအုပ်ထဲကနေ စူးရှကျယ်လောင်တဲ့ ဟိန်းဟောက်သံကြီးမကြားလိုက်ရခင်ထိပေါ့...

ညှို့Место, где живут истории. Откройте их для себя