Zawgyi>>>
Baekhyun ကုတင်ထက်တွင် မေ့မျောနေသော ကောင်လေးကိုအတန်ကြာသည်အထိ စိုက်ကြည့်နေမိသည်...
ဖြူစွတ်နေသောနှုတ်ခမ်းပါးနှင့် ချောင်ကျသွားသော မျက်နှာလေးက အားနည်းနေမှုကိုဖော်ပြနေသယောင်...
Yeol မေ့မျောနေတာ ၁ ရက်ကျော်ပြီဆိုတော့ သူစိတ်ပူနေရသည်လေ... တစ်ခါတစ်လေ ကောင်လေးနဲ့ပက်သက်ရင် ဘာမှမမြင်တော့တဲ့သူ့စိတ်ကိုမုန်းပါသည်
..ရုတ်ချည်းအရိုင်းဆန်မှုကြောင့် Yeol တော့သူ့ကိုကြောက်သွားလောက်ပြီပေါ့...မဟုတ်ဘူး...သူမုန်းများသွားပြီလားမသိ...
စိုးရိမ်စိတ်နှင့်ကြောက်စိတ်က ရင်ထဲပြည့်သိပ်နေတာကြောင့် နှုတ်ခမ်းပါးကိုသာတင်းတင်းစိရင်း စိတ်ကိုဖြေလျော့နေရသည်...
ငါဘာလို့အရိုင်းဆန်နေရတာလဲကွာ...
ဖြူစင်ပြီးချစ်စရာကောင်းတဲ့ကောင်လေးကို ချစ်မိပေမဲ့ ကိုယ်တိုင်ကမှ ကြမ်းတမ်းပြီးအရိုင်းဆန်တဲ့ သွေးစုပ်လူသတ်တတ်သူဖြစ်နေသည်ကိုး...
Baekhyun စိုက်ကြည့်နေတုန်းမှာပဲ ကောင်လေးတဖြည်းဖြည်းလှုပ်လာကာ မကြာမီပင်မျက်လုံးလေးပွင့်လာတော့သည်...
"Yeol ah...နိုးပြီလား?သက်သာရဲ့လား?"
Yeol ကစိုးရိမ်တကြီးကြည့်နေတဲ့ သူ့ကိုမြင်တော့မျက်ရည်လေးတွေ ဝဲလာသည်... Baekhyun ကောင်လေးသူ့ကိုအရမ်းကြောက်သွားပြီလို့ထင်မိတာကြောင့် ရင်ထဲပူလောင်လာရတယ်...
ထို့နောက် ကောင်လေးကိုယ်လေးကို ရင်ခွင်ထဲဆွဲသွင်း၍ တင်းကြပ်စွာဖက်ထားမိသည်...
"တောင်းပန်ပါတယ် Yeol ah... ကိုယ့်ကိုမမုန်းပါနဲ့နော်...ကိုယ်ဘယ်လိုမှထိန်းချုပ်လို့မရခဲ့လို့ပါ..."
"Arjushi..."
ထို့နောက် ခေါ်သံလေးတစ်ခုနှင့်အတူ ကောင်လေးက သူ့ရင်ခွင်ထဲတိုးဝင်လာတာသည်မို့ Baekhyun အံ့သြမှုကြောင့် မှင်သက်သွားရတယ်...
"Yeol ah"
"Yeol Arjushi ကိုမမုန်းပါဘူး...."
Baekhyun ရင်ခွင်ထဲကကောင်လေးရဲ့ မျက်နှာလေးကိုမော့ယူကာ အကြည့်ချင်းဆုံတော့ ချစ်ရတဲ့ကောင်လေးကဖြူစင်သော မျက်ဝန်းလေးတွေဖြင့်သာစိုက်ကြည့်နေလေရဲ့...
YOU ARE READING
ညှို့
Vampire(warning:Chanyeol uke only!!) Rated M Baekyeol yaoi Sorry for bad writings 90°bow #Yoohyunee