Zawgyi>>>
Chanyeol မိမိရှေ့မှမြင်ကွင်းကို ကြောင်အစွာရပ်ကြည့်နေမိသည်... အရေခွံတွေတွန့်လိပ်ပြီး ပါးစပ်မှာလည်းအစွယ်အရှည်ကြီးတွေနဲ့...
မျက်ဝန်းနီနီကြီးတွေကလည်းနီရဲလျက်... လက်သည်းတွေကလဲအတော်လေးရှည်ထွက်နေပြီး ကြောက်စရာကောင်းတဲ့ပုံစံနဲ့ထိုအကောင်ကြီးက သားရိုင်းကောင်တွေအော်သလို တဂီးဂီးနဲ့အော်ဟစ်နေလေရဲ့....
"Arjushi..."
Yeol ကိုမြင်ဟန်မတူတဲ့ Baekhyun က အနံ့တစ်ခုကိုခံကာ အိမ်အပြင်သို့ လေလိုလျင်မြန်သောအရှိန်ဖြင့်ပြေးထွက်သွားသည်မို့ Chanyeol အနောက်ကလိုက်ရတော့သည်...
သူ Arjushi ကိုစိတ်မချဘူးလေ...
သိပ်ပင်မရှာလိုက်ရ တောလိုက်မုဆိုးနှစ်ယောက်ရဲ့ရှေ့မှာ ရပ်နေတဲ့ Arjushi ကိုတွေ့လိုက်ရပြီဖြစ်သည်...
မုဆိုးနှစ်ယောက်လဲထိတ်လန့်သွားကာ ချက်ချင်းပင် သူတို့တွင်ပါသောသေနတ်တို့ဖြင့် Baekhyun ကိုချိန်လိုက်ကြတာကြောင့် Yeol စိတ်ပူသွားရတယ်...
အရမ်းဆာလောင်နေပုံပေါ်တဲ့ ထိုအကောင်ကြီးက ထိုလူနှစ်ယောက်ကိုသတ်ဖို့ကြိုးစားနေတာကြောင့် Yeol အလယ်တွင်ဝင်ရပ်ကာ တားမိပြန်သည်......
ဘာကောင်ကြီးပဲဖြစ်နေပါစေ Baekhyun ကသူချစ်ရတဲ့သူပဲလေ...
"Ar...arjushi..."
သူ့ခေါ်သံကြောင့်လားမသိ စူးရဲစွာအော်ဟစ်နေတဲ့ Baekhyun ငြိမ်သက်သွားကာ သူ့ကိုစိုက်ကြည့်နေသည်...
မျက်ဝန်းတွေကတော့ပုံမှန်ထက်နီရဲနေကာ အတော်လေးဆာလောင်နေဟန် ရှိသော်လည်း Ying ပြောတဲ့အတိုင်း Yeol ထိန်းချုပ်လို့တော့ရမည်ထင်ရဲ့...
Yeol ကိုယ့်ကိုကိုယ်အားတင်းရင်း အရှေ့သို့ထပ်တိုးကာ Arjushi လက်ကိုဆုပ်ကိုင်မိတယ်...
"Ar...Arjushi အိမ်ပြန်ရအောင်နော်... လူသတ်လို့မဖြစ်ဘူးလေ"
Yeol ပြောနေတာတွေတစ်ခုမှ နားလည်ပုံမရသော်လည်း Baekhyun က Yeol ကိုသာစိုက်ကြည့်မြဲ...
တောလိုက်မုဆိုးတွေလဲ သူတို့အခြေအနေကို နားမလည်စွာကြည့်နေတာကြောင့် Yeol မျက်နှာရိပ်မျက်နှာကဲပြကာ ထွက်သွားခိုင်းတော့အဝေးကိုပြေးထွက်သွားကြတော့တယ်...
YOU ARE READING
ညှို့
Vampire(warning:Chanyeol uke only!!) Rated M Baekyeol yaoi Sorry for bad writings 90°bow #Yoohyunee