Zawgyi>>>
Yeol နိုးလာတော့ အောက်ပိုင်းကတစ်ခုလုံးထုံကျင်နေကာ လှုပ်လိုက်ရင်တောင်နာသည်လေ...
ဘေးဘီကိုဝေ့ဝဲကြည့်မိတော့ Arjushi ကသူ့ဘေးမှာလှဲနေကာ မေးထောက်၍စိုက်ကြည့်နေသည်မို့ Yeol အကြည့်ကိုအမြန်လွှဲလိုက်ကာ တစ်ဖက်သို့လှည့်နေလိုက်သည်...
"Yeol ah..."
ိုကျောပေးထားသလိုဖြစ်နေတာကြောင့် Baekhyun Yeol ရဲ့ခါးသွယ်သွယ်လေးတွေကို အနောက်ကသိုင်းဖက်ကာ လည်ဂုတ်လေးအားခပ်ဖွဖွနမ်းတော့ အနည်းငယ်လွန့်လူးသွားလေရဲ့...
"ကိုယ့်ဆီကအမြဲထွက်ပြေးနေတာပဲနော်"
Baekhyun စကားကြောင့် ကောင်လေးငြိမ်သက်သွားကာ နှုတ်ခမ်းလေးကိုတင်းတင်းစိထားသည်...
"ပြေးတော့ရော လွတ်တာမှမဟုတ်တာ"
"မလွတ်မှန်းသိရက်နဲ့ ဘာလို့ပြေးသေးလဲ?"
အင်း...သူပြောတာလဲဟုတ်သည်ပဲ... ဘယ်နှခါပြေးပြေးမလွတ်မြောက်ဖူးသည်ကို Yeol ဘာလို့ခဏခဏ ထွက်ပြေးနေမိတာလဲတော့မသိ...
မိုက်မဲတဲ့လုပ်ရပ်ဆိုတာတော့ Yeol ဝန်မခံချင်ပါ...
"Arjushi ဘာလို့လူသတ်တာလဲဟင်?"
Yeol အမေးကို Baekhyun ခပ်ဟဟရယ်သည်...
"မင်းကြောင့်လေ..."
Baekhyun အဖြေကြောင့် Yeol အတန်ကြာတိတ်ဆိတ်သွားရသည်...
ထို့နောက် သက်ပြင်းတစ်ခုကိုချ၍ Arjushi ဘက်ကိုလှည့်လိုက်ကာ Baekhyun မျက်ဝန်းတို့ကိုကြည့်မိတော့ သူလဲတန်ပြန်စိုက်ကြည့်နေသည်လေ...နီးကပ်လွန်းတဲ့အကွာအဝေးမှာ Yeol ကအကြည့်မခွာသလို Baekhyun ကလဲစိုက်ကြည့်မြဲ...
"တကယ်လို့...တကယ်လို့များ Yeol ထွက်မပြေးတော့ဘူးဆိုရင် Arjushi လူတွေမသတ်တော့ဘူးမလားဟင်?"
"အင်း...မင်းကိုယ့်အနားရှိနေမယ်ဆိုရင်ပေါ့"
Yeol ခေါင်းလေးတဆတ်ဆတ်ငြိမ့်ကာ တစ်ခုခုကိုအသည်းအသန်စဉ်းစားနေဟန်...
ထို့နောက် Baekhyun ကိုပြန်စိုက်ကြည့်ကာ ပြောသည့်စကားက..."အဲ့တာဆို Yeol ဘယ်ကိုမှထွက်မပြေးတော့ဘူး"
Baekhyun မျက်ဝန်းများအနက်ရောင်သို့ပြောင်းသွားကာ မယုံနိုင်စွာ Yeol ကိုကြည့်မိသည်...
YOU ARE READING
ညှို့
Vampire(warning:Chanyeol uke only!!) Rated M Baekyeol yaoi Sorry for bad writings 90°bow #Yoohyunee