Zawgyi>>>
အတော်ပင်အိုဟောင်းကာ နှစ်ပေါင်း ၂၀ လောက်ကြာပြီဖြစ်သော်လည်း လှလှပပရှိနေသေးသည့် အိမ်ကြီးတစ်ခု..
အိမ်ကြီးရှိသော သစ်တောလေးကတော့ ဟိုးအရင်ကအတိုင်းလတ်ဆတ်နေဆဲပင်..ထိုအိမ်ကြီးထဲမှာတော့ ကောင်လေးနှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ပွေ့ဖက်ကာ ကလူကျီစယ်နေကြလေရဲ့...
"ခ်ခ် ဖယ်ဗျာ"
Yeol ခါးလေးကို Baekhyun လိုက်တို့ထိကာစနေခြင်းဖြစ်သည်...
ကောင်လေးကတော့ပါးပြင်လေးရဲကာ သူ့ရင်ဘတ်အားတွန်းထုတ်နေလေရဲ့..."ဖယ်ဗျ!ရေချိုးရဦးမယ်"
"Haha လူလည်လေး"
Yeol မျက်စောင်းလေးထိုးကာ ရေချိုးခန်းထဲဝင်သွားတော့ Baekhyun ရယ်နေသည်...
အချိန်ကနှစ် ၂၀ လောက်ကြာခဲ့ပြီ ဖြစ်တာကြောင့် အိမ်ကြီးပင်အတော်အိုဟောင်းလာသော်လည်း Vampire စုံတွဲကောင်လေးနှစ်ယောက်မှာတော့ ထိုအတိုင်းသာရှိနေသေးသည်လေ...
အချိန်တွေသာကြာလာတယ် အချစ်တွေကရိုးသွားခြင်းမရှိသလို ကောင်လေးကတစ်နေ့တခြားပို၍ပင် ချစ်ဖို့ကောင်းလာသည်...
Baekhyun ကစလိုက် ကောင်လေးကရှက်လိုက်နဲ့ အတော်တော့ပျော်စရာကောင်းသည်လေ...
အင်း...ကျိန်စာကိုဖျက်ဖို့အတွက် Yeol ရဲ့ပခုံးကို Baekhyun ကိုယ်တိုင်အချွန်နဲ့ထိုးစိုက်ခဲ့ရသည်...
Baekhyun မလုပ်ချင်ပေမဲ့ ဒီအတိုင်းထားတာက Yeol အတွက်ပိုဆိုးမည်ဖြစ်တာကြောင့်...
ချစ်ရတဲ့ကောင်လေးက သူ့ကိုဘယ်တုန်းကမှအပြစ်မမြင်ခဲ့...
Ying ပြောတဲ့အတိုင်း ဓားပျောက်ကွယ်သွားပြီး ကျိန်စာလဲပျက်သွားသည်လေ...Yeol ပခုံးမှဒဏ်ရာလေးကတော့ Baekhyun အနမ်းများဖြင့်သက်သာစေခဲ့သည်မဟုတ်လား??
"Arjushi...Yeol ကို တဘက်လေးပေးပါ"
ရေချိုးခန်းထဲမှအသံဆာဆာလေးကြောင့် Baekhyun ခေါင်းတခါခါဖြင့်ရယ်သည်...
မေ့တတ်တဲ့ Vampire ဖိုးဖိုးလေးကို စနောက်လိုက်ရမှကျေနပ်သည်ကလဲ Baekhyun ရဲ့ဝါသနာတစ်မျိုး..."ဒီတိုင်းထွက်လာခဲ့လေ"
"Arjushi!နှာပူးကျိ!မစနဲ့ဗျာ...ပေးဆို"

ČTEŠ
ညှို့
Upíři(warning:Chanyeol uke only!!) Rated M Baekyeol yaoi Sorry for bad writings 90°bow #Yoohyunee