10

17.3K 923 60
                                    

Zawgyi>>>

"Yeol ah"

ပြတင်းပေါက်ကတစ်ဆင့် တောအုပ်ကြီးကို ငေးကြည့်နေမိရာမှ Arjushi ရဲ့ခပ်တိုးတိုးခေါ်သံကိုကြားလိုက်ရတာကြောင့် Yeol လှည့်ကြည့်မိသည်

"ဟုတ် Arjushi"

"ခဏလာပါဦး"

Yeol လဲ ကုတင်ပေါ်က Baekhyun ဘေးတွင်ဝင်ထိုင်ကာ Arjushi ကိုငေးကြည့်မိတော့ အသည်းယားစွာ ဆံပင်တွေကိုဆွဲဖွခြင်းခံလိုက်ရ၏..

"ကိုယ်အပြင်သွားစရာရှိလို့"

ဒီနေ့ Baekhyun သွေးရှာဖို့အတွက် အပြင်ထွက်ဖို့လိုလာပြီလေ...Yeol ဆီကနေတိုင်းအားဖြည့်နေပေမဲ့ Vampire ဖြစ်တာကြောင့် သွေးမရှိပဲတော့မလုံလောက်တာကြောင့်...

"ဘယ်ကိုသွားမလို့လဲဟင်?"

"ကိုယ်သွေးသောက်ဖို့လိုနေပြီ"

"အွန်...ကျွန်တော့်ဆီကနေ့တိုင်းယူနေတာကျ အားမဖြစ်ဘူးလား?"

"Haha...အဲ့တာတော့အဲ့တာပေါ့ ဒါပေမဲ့သွေးမရှိဘဲ လုံးလုံးကြီးဆက်ရပ်တည်ဖို့ကျမဖြစ်နိုင်ဘူးလေ"

Baekhyun ရှင်းပြသံအဆုံး Yeol နားလည်သွားဟန်ခေါင်းလေးသာငြိမ့်ပြသည်...

"ကိုယ်စိတ်ချမယ်နော်"

"ဟုတ် Arjushi"

"ဘယ်ကိုမှမသွားရဘူးနော်"

"စိတ်ချပါဗျ"

"အဲ့တာဆိုကိုယ်သွားတော့မယ်"

"ဟုတ်"

Baekhyun ကောင်လေးရဲ့နှုတ်ခမ်းပါးလေးအား ပြွတ်စ်ခနဲနမ်းလိုက်တော့ Yeol တခ်ခ်ရယ်ရင်း Baekhyun ကို ပြန်နမ်းသည်

Yeol လက်လေးပြကာနှုတ်ဆက်လိုက်ပြီးနောက် Baekhyun  အနက်ရောင်အရိပ်ကြီးအဖြစ်ပြောင်းလဲသွားကာ အိမ်ထဲမှထွက်သွားတော့သည်...

Yeol လဲဘာမှလုပ်စရာမရှိတာကြောင့် မိမိအခန်းလေးထဲသို့သာ ပြန်ဝင်နေရန်ကြံလိုက်စဉ်...

~ဒေါက် ဒေါက်

"Yeol ah"

ခေါ်သံတစ်ခုကြောင့် Yeol ခြေလှမ်းများရပ်တန့်သွားကာ အံ့သြမှုတို့ကမျက်နှာမှာအထင်းသား...

"Yeol ah...တံခါးဖွင့်ပေး...ငါပါ KyungSoo"

"Ky..KyungSoo ah"

Yeol အလျင်မြန်ပင်တံခါးကိုဖွင့်လိုက်တော့ KyungSoo က တံခါးရှေ့တွင်ရပ်ကာ သူ့ကိုအံ့သြစွာကြည့်နေသည်...

ညှို့Where stories live. Discover now