22

15.1K 752 82
                                    

Zawgyi>>>

ပုံစံမျိုးစုံနဲ့ Yeol ကို
သူကျေနပ်သည်အထိဆက်ဆံပြီးတဲ့အချိန် Yeol ကိုယ်လေးမှာမျော့မျော့သာကျန်တော့တယ်...

ပြိုကျလာတဲ့ Yeol ကိုယ်လေးကို Baekhyun ခါးမှပွေ့ဖက်ယူလိုက်ပြီး အခြားအခန်းထဲခေါ်လာခဲ့သည်...

မွေ့ယာပေါ်ချပေးလိုက်တော့ Yeol လက်သွယ်သွယ်လေးတွေက သူ့ပါးပြင်ကိုအုပ်မိုးကိုင်လာကာ မျက်ဝန်းဝိုင်းဝိုင်းလေးတွေဖြင့်ကြည့်နေလေရဲ့...

"ပြောင်းသွားပြီ Arjushi"

အရည်လဲ့နေတဲ့မျက်ဝန်းလေးတွေက ပျော်ရွှင်မှုကိုအတိုင်းသား ဖော်ပြလျက်... သူ့ပါးပြင်ကိုအုပ်မိုးကိုင်ထားတဲ့ကောင်လေးရဲ့ လက်ကလေးကို သူ့လက်ဖဝါးနဲ့ယှက်နွယ်လိုက်ပြီး ညှင်သာစွာကိုင်ထားမိသည်

"ကျေးဇူးပါ Yeol ah"

Yeol ခေါင်းလေးခါကာပြုံးသည်..
Baekhyun ကောင်လေးဘေးတွင်ဝင်လှဲလိုက်ပြီး ကိုယ်လုံးလေးကိုရင်ခွင်ထဲထည့်ကာ အချိန်ကိုတစ်ချက်ကြည့်တော့...

မနက် ၈ နာရီ!!!

အဲ့တာဆို သူ Yeol ကိုတစ်ညလုံး.......??

"Yeol ah...အရမ်းနာနေလား?"

"အင်း နာနေသေးတယ်"

မျက်နှာလေးမဲ့ကာပြောသည်မို့ Baekhyun ကောင်လေး သက်သာစေရန် နှုတ်ခမ်းပါးလေးကို ညှင်သာစွာစုပ်ယူမိတယ်...ကောင်လေးကတော့ သူ့အလိုအတိုင်း
လည်တိုင်ကိုဖက်တွယ်ကာတုန့်ပြန်သည်လေ...

အနမ်းချိုချိုလေးကို နူးညံ့စွာဖော်ကျူးလိုက်ပြီးမှ Baekhyun အဝတ်မပါသောကိုယ်နှစ်ခုပေါ် စောင်တစ်ထည်အားလွှမ်းခြုံလိုက်သည်...

"ပင်ပန်းတယ် ဟင့်"

ရင်ခွင်ထဲတိုးဝင်လာသော ကောင်လေးအား Baekhyun ဖက်တွယ်ကာခေါင်းလေးကို အသာပုတ်ပေးမိတယ်...

"တော်သေးတာပေါ့ Yeol က Vampire ဖြစ်သွားလို့"

"ဘာလို့လဲ?"

"Arjushi လုပ်ပုံနဲ့ လူသာဆို တကယ်သေမှာဗျ"

"Haha လူမဟုတ်လို့ပေါ့"

အသည်းယားစွာ နှာခေါင်းလေးကို ပွတ်သပ်၍ စတော့ မကျေနပ်ဟန် ခပ်မဲ့မဲ့...

ညှို့Where stories live. Discover now