19

13.9K 834 75
                                    

Zawgyi>>>

Baekhyun စောင့်ကြည့်နေပေမဲ့ Yeol သတိရမလာသေး...တဖြည်းဖြည်းညဥ့်နက်လာကာ လရောင်ကလဲမီးမရှိတဲ့ သူတို့အိမ်ကြီးပေါ်ကို ခပ်ပြပြဖျာကျလာပြီဖြစ်သည်...

Baekhyun ကောင်လေးကိုကုတင်ပေါ်တင်ပေးထားကာ မိမိကတော့ ကုတင်ဘေးကထိုင်ခုံတွင်ထိုင်၍ ချစ်ရသူလေးကိုကြည့်နေမိတယ်...

Baekhyun စောင့်နေတုန်းမှာပဲ ရုတ်တရပ် Yeol မျက်လုံးပွင့်လာသည် ထို့နောက် မျက်ဝန်းတွေနီရဲလာကာ အစွယ်တွေလဲထွက်လာတော့တယ်...

"Yeol ah..."

"သွေး...ဟင့် သွေး...ဆာတယ်"

ကုတင်ပေါ်လူးလိမ့်နေတဲ့ Yeol က အတော်လေးခံစားရခက်နေဟန် သွေးကြောတွေပါထောင်နေသည်...

"Arjishi...ဟင့်..."

"Yeol ah...ကိုယ်ရှိတယ်လေ...အဆင်ပြေသွားမှာပါ...နော်"

Baekhyun ကောင်လေးကိုယ်လေးအား ရင်ခွင်ထဲဆွဲသွင်းကာ ဖက်ထားတော့ Yeol ကအတင်းရုန်းကန်နေသည်...

"ဘာလို့လဲ Yeol ah..."

"Ar...arjushi...Yeol နားမှာမနေပါနဲ့ Yeol...သွေး...သွေးအရမ်းဆာနေတယ် "

"ဟင့်အင်း ကိုယ်မင်းနားမှာပဲနေမှာ Yeol"

"မရဘူး!!!သွား...မြန်မြန်သွားတော့ Yeol Arjushi ကိုသွေးစုပ်မိလိမ့်မယ်!မြန်မြန်!"

"ဟင့်အင်း...ကိုယ်မင်းကိုစိတ်မချဘူး Yeol ah"

Vampire စစဖြစ်ချင်းမှာ လိုအပ်နေတဲ့သွေးကိုသာမရဘူးဆိုရင် အသိစိတ်လွတ်ပြီး အရိုင်းဆန်တဲ့ဖုတ်ကောင်အဖြစ်ကို ပြောင်းလဲသွားမှာ Baekhyun သိတာကြောင့်...

ကလေးကိုသူဒီတိုင်း စိတ်မချနိုင်ပါ...

"Yeol ah"

"ဟင့် သွား...သွားဆို!"

Yeol မျက်လုံးကိုစုံမှိတ်ထားကာ Arjushi ကိုအတင်းတွန်းလွှတ်နေမိတယ်... သူ...သူသွေးအရမ်းသောက်ချင်နေတယ် ပြီးတော့လည်းတခြားသွေးမဟုတ်ဘူး Arjushi ကိုမှ...

ဟင့်အင်း...မလုပ်ဘူး... အဲ့လိုလုပ်ရင် Arjushi ကျိန်စာတွေပြန်သင့်လိမ့်မယ်လို့ Ying ပြောနေတာကို ခပ်သဲ့သဲ့ကြားခဲ့တယ်...

သူ...ဒီလိုအဖြစ်မခံနိုင်ဘူး Arjushi သူ့ကြောင့်လပြည့်ညတိုင်း သွေးဆာတဲ့မိစ္ဆာဖြစ်သွားရလိမ့်မယ်...
ဟင့်အင်း မဖြစ်ရဘူး...

ညှို့Dove le storie prendono vita. Scoprilo ora