Zawgyi>>>
Yeol အလင်းဝင်ပေါက်လေးကနေ အပြင်ကိုကြည့်နေမိသည်...
Arjushi ကအပြင်ခဏထွက်သွားတာကြောင့် အိမ်ကြီးတစ်ခုလုံးသူတစ်ယောက်တည်းသာ ရှိသည်လေ...သစ်တောတစ်ခုလုံးအုံ့မှိုင်းနေကာ အပေါ်ကစီးပြီးကြည့်လျှင် အစိမ်းရောင်သစ်ပင်တွေသာ မျက်စိအဆုံးမြင်ရသည်...
ဒီလိုတောနက်ကြီးကို Baekhyun ဘယ်လိုရှာ၍နေလဲမသိပါ... အာ... Arjushi ကလူတွေရှုပ်ရင်ချွေးနံ့တွေမခံနိုင်ဘူးလေ...
ပြီးတော့ သူကအမှောင်ထဲနေရတာကို သဘောကျတယ်...အဲ့တာကြောင့် Yeol တို့နေတဲ့အိမ်ကြီးမှာလဲ ဝါကျင့်ကျင့်မီးလုံးတစ်ခုကလွဲလို့ ဘာမှမရှိပဲလရောင်နဲ့သာ အလင်းရသည်လေ...
လကွယ်ညတွေဆိုရင်တော့ ဘာမှမမြင်ရလောက်အောင် မှောင်ပိန်းနေကာ တောရိုင်းကောင်တွေအော်သံပါ တစ်ခါတစ်ရံကြားရတတ်တာမို့ Yeol ဆို Arjushi ရင်ခွင်ထဲအမြဲတိုးဝင်တတ်သည်...
တကယ်ဆို Arjushi က ပိုကြောက်ဖို့ကောင်းသည်ကို...
Haha..."ကျွန်ကောင်"
အတွေးထဲနစ်မြောနေတုန်း အနောက်ကကြားလိုက်ရတဲ့
အသံတစ်ခုကြောင့် Yeol ကြည့်မိတော့ Yumi ကမဲ့ပြုံးပြုံးကာသူ့နားလျှောက်လာသည်..."Baekhyun ရော?"
"မသိဘူး"
"ဘာလဲ?နင့်ကိုထားသွားပြီလား?"
Yeol ထိုမိန်းမကိုစိတ်ပျက်တာကြောင့် ဘာမှဆက်မပြောပဲ လှည့်ထွက်လာခဲ့မိသည်...
သူတစ်ယောက်တည်း Yeol ကိုမနာလိုဖြစ်ပြီး ရန်လိုနေတာလေ..."Baekhyun ကိုငါချစ်နေတာ"
"အဲ့တော့...."
"နင်ထွက်သွားလေ...ငါသူ့အချစ်ကိုရတော့မှာ နင်ဝင်ပါနေလို့ ပြီးတော့သူ့နားမှာနင်ရှိနေတာလုံးဝမကြိုက်ဘူး"
"Arjushi ကခင်ဗျားပိုင်တာမို့လို့လား?"
"အခုမပိုင်ပေမဲ့ ပိုင်အောင်ငါလုပ်မှာ"
Yeol ခေါင်းလေးခါကာ ရယ်နေသည်... အရွဲ့တိုက်နေသလိုဖြစ်တာကြောင့် Yumi ဒေါသအတော်ထွက်နေလေရဲ့...
"Yeol ah...အာ Yumi မင်းကဒီကိုဘာကိစ္စ?"
Baekhyun ဝင်လာတာကြောင့် Yumi အနားကပ်သွားကာ လက်မောင်းကိုဆွဲကိုင်၍ ချွဲပျစ်နေသောလေသံဖြင့် နှုတ်ခမ်းကိုတစ်တောင်လောက်ဆူကာ...
YOU ARE READING
ညှို့
Vampire(warning:Chanyeol uke only!!) Rated M Baekyeol yaoi Sorry for bad writings 90°bow #Yoohyunee