Zawgyi>>>
Baekhyun ကောင်လေးကိုအနံ့ခံပုံနဲ့ နေထိုင်ပုံလေးတွေကအစသေချာသင်ပေးနေသည်... နေရောင်ခြည်နဲ့မထိတွေ့ရတော့လို့ဆိုပြီး ရုပ်ကလေးကလဲရှုံ့မဲ့မဲ့...
Vampire စဖြစ်ကတည်းကသောက်လိုက်တဲ့သွေးဆိုတာ Baekhyun လိုက်မမှီဘူး... တခြားနည်းကြီးနဲ့အားမဖြည့်ချင်လို့တဲ့လေ...
ဒါသက်သက် အကျင့်ပုတ်တာ ကလေးစုတ်... သူကသွေးသောက်တော့ Baekhyun ပါလိုက်သောက်ရတယ် အဲ့တော့အားပြည့်နေပြီဆိုပြီး အရှောင်အတိမ်းတွေကောင်းနေတာလေ...
ညကျမှအသေကြမ်းပစ်ဦးမယ် ကြည့်နေ...
"Arjushi!ဘာ...ဘာတွေတွေးနေတာလဲဗျ"
ပါးပြင်လေးရဲတွတ်ကာပြောလာတဲ့ ကောင်လေးက သူတွေးနေတာတွေပါ အလိုအလျောက်သိနေပြီလေ...
"Haha ကိုယ့်အကြောင်းကိုယ်သိပါကလေးစုတ်..."
"အမ့် မသိဘူး"
နှုတ်ခမ်းလေးထော်ကာ မျက်စောင်းထိုးနေသောကောင်လေးကြောင့် Baekhyun ရယ်မိပြန်သည် သက်သက်အူယားအောင်လုပ်နေလား ထင်ရတယ်...
နှစ်ယောက်သားအိမ်ထဲမနေပဲ မိုးပေါ်လျှောက်ပျံနေကြတာလေ...
နားဖို့နေရာကတော့ တိမ်တွေပေါ်ထိုင်ပြီး Baekhyun ပေါင်မှာ Yeol ကတက်နေတာ...ကောင်လေးရဲ့လက်တွေကလဲ သူ့လည်တိုင်ကိုချိတ်တွယ်ထားသည်လေ...
"Yeol ah"
"ဟုတ်"
"မနက်ဖြန်ဆိုလပြည့်ပြီနော်"
"အင်း...Yeol သိပါတယ်"
"Yeol ဆုံးဖြတ်ချက်ကိုမပြောင်းတော့ဘူးလား?"
"ဟင့်အင်း Yeol Arjushi နားမှာပဲနေမှာ"
"ကိုယ်မင်းကိုစိတ်မချလို့ပါကွာ... အိမ်ပြန်နေနော်"
"Yeol လဲ Arjushi ကိုစိတ်မချဘူး..."
"ဒါပေမဲ့...."
"ရှူး Ying ပြောသွားတယ်လေ...Arjushi ကို Yeol တစ်ယောက်ပဲထိန်းချုပ်နိုင်မှာလို့"
"Yeol ထိန်းချုပ်ရင်း ကိုယ်တစ်ခုခုထိခိုက်စေမိရင်ဘယ်လိုလုပ်မလဲ?မဖြစ်ပါဘူးကွာ"
Yeol Baekhyun ရင်ခွင်ထဲတိုးဝင်လာကာ လည်တိုင်ကိုတင်းကြပ်စွာဖက်တွယ်ထားသည်...

ВЫ ЧИТАЕТЕ
ညှို့
Про вампиров(warning:Chanyeol uke only!!) Rated M Baekyeol yaoi Sorry for bad writings 90°bow #Yoohyunee