ဝတ္တရားဆန်ဆန် လက်ထပ်ပွဲတစ်ခုပြီးဆုံးသွားတဲ့နောက်
ဆက်ဆံရေးတစ်ခု..အေးစက်တင်းမာသွားရုံကလွဲလို့အရာအားလုံးဟာ
နေသားတကျရှိလေသည်...မနက်စာစားရင်တောင်ကိုယ့်အကြောင်းပြချက်နဲ့ကိုယ်
မတွေ့အောင်ရှောင်တတ်ကြတဲ့သူနှစ်ယောက်...Hunnie.....မင်းမကြိုက်မှန်းသိသိကြီးနဲ့
ငါရှေ့တိုးခဲ့မိတယ်..နောင်တရမယ်မှန်းသိသိကြီးနဲ့
ငါလုပ်ခဲ့တာမို့..ကိုယ့်အပြစ်နဲ့ကိုယ် ငါမင်းကိုရင်မဆိုင်ရဲသေးဘူး..ကောင်းပါတယ်..ဒီအတိုင်းပဲရှေ့ဆက်ကြတာပေါ့..ဘယ်အထိလဲမသိပေမယ့်...
"Kim Jun"
"ဗျာ"
"Operation Field ကိုအာရုံစိုက်ပါ"
Senior surgeonရဲ့ စကားကြောင့် operation ဝင်နေတဲ့လက်ရှိအခြေအနေကိုအာရုံကပ်မိတော့
Instrument nurseက
ပေါက်နေတဲ့သွေးကြောလေးကိုပိတ်ဖမ်းဖို့
Artery forcep လေး..လှမ်းပေးနေပေမယ့်..ကိုယ်ကတွေးချင်ရာတွေးနေပြီး လှမ်းယူဖို့မေ့နေတဲ့အနေအထား..ပုံမှန်ထက်သွေးပိုထွက်လွန်းနေတဲ့
Caseမှာ ကိုယ်ကတလွဲတချော်ဖြစ်နေတဲ့အခါ
တခြား operation team memberတွေကို
အားတုန့်အားနာဖြစ်ရသည်.."Bleeding များနေတယ် KimJun...အရေးကြီးတယ်.."
"ဟုတ်ကဲ့ပါ အစ်ကို ကျွန်တော်သတိထားပါ့မယ်"
အဲ့ဒီနေ့က အလုပ်ထဲမရမကစိတ်နှစ်ရင်း..Operation caseတွေ ဆက်တိုက်ဝင်ပစ်လိုက်သည်..
ခြေထောက်တွေတောင့် ခါးတွေကိုက်ပြီး လူက သေလောက်အောင်ပင်ပန်းပေမယ့် မေ့မေ့ပျောက်ပျောက်ဖြစ်နေခြင်းကြောင့် စိတ်ကတော့နေသာထိုင်သာရှိသလိုလို....."ရော့ သောက်လိုက်"
လက်ထဲရောက်လာတဲ့ အားဖြည့်အချိုရည်ဗူး ကိုဖွင့်သောက်ရင်း..
"ကျေးဇူး Kyaungsoo"
"မင်းကိုကြည့်ရတာ အဆင်မပြေဘူးJun.."
"ငါလဲနေရတာအဆင်မပြေဘူး"
"ငါကတော့မင်းပျော်နေမယ်
ပဲထင်တာ...""ချစ်တဲ့သူကိုပိုင်ဆိုင်ရတိုင်း ပျော်မယ်ထင်ရင်
မင်းမှားတယ် Kyaungsoo...
သူ့ကိုအနားမှာထားပြီး ပျော်အောင်လုပ်မပေးနိုင်တဲ့အဖြစ်မျိုး အဲ့ဒါထက်ဆိုးတာက သူကိုစိတ်အနှောက်အယှက်ဖြစ်စေတဲ့ တရားခံက ကိုကိုယ်တိုင်ဖြစ်နေတာပဲ.."