ချွေးတွေပြန်ပြီး နှုတ်ခမ်းတွေဖြူပျော့ကာ မျက်လုံးမဖွင့်နိုင်တော့တဲ့အထိ ကိုက်ခဲ နာကျင်မှုကို
တင်းခံနေတဲ့ Junကိုကြည့်ရင်း ကိုယ်လဲ နေမထိထိုင်မရ...ဆေးသောက်ရုံနဲ့မပျောက်တတ်မှန်းသိပေမယ့်
ဆေးရုံသွားဖို့လဲ ခေါ်လို့မရတာကြောင့်
ဖက်ထားပေးရုံကလွဲလို့ ဘာမှမတတ်နိုင်....အင်္ကျီ ရင်ဘတ်ကို တင်းဆုပ်ထားတဲ့ လက်လေးတစ်ဖက် ပြေလျော့သွားချိန်မှာ..
ရင်ခွင်ထဲက Jun ဟာ အသက်ရှုသံမှန်မှန်နဲ့ အိပ်ပျော်နေခဲ့ပြီ...ကျောပြင်နဲ့ဒူးဆစ်ကွေးနားကနေ ထိန်းပွေ့ကာ
အိမ်အပေါ်ထပ် အိပ်ခန်းထဲအထိ ခေါ်လာပေးရင်း
မွေ့ရာပေါ်ချပေးလိုက်သည်...မျက်မှောင်ကြုံ့နေသေးတဲ့ မျက်ခုံးတန်းထူထူတွေကို
လက်မနဲ့ဖွဖွ ဖြေလျော့ပေးရင်း..."အရမ်းပင်ပန်းနေမယ် ဆိုရင်.. ဒီတိုင်းလေးပဲမေ့ထားလိုက်ပါ Jun...
ငါက အဆင်ပြေတာမို့...."စောင်အဖြူကို ရင်ဘတ်အထိရောက်အောင်ဆွဲခြုံပေး
ကာ အခန်းတံခါးကို အသာလေးစေ့ထားခဲ့ပြီး...ခြေသံဖွဖွနင်းကာ အောက်ထပ်ပြန်ဆင်းခဲ့လိုက်သည်...
ဖန်ကွဲစတွေ သိမ်းရအုံးမည်...
တစ်စစီလွင့် စင်သွားတဲ့ အစအနတွေ သေသေချာချာ
ကောက်သိမ်းဖို့သာ အာရုံရောက်နေဆဲ..."Hun.."
"ဟင်..Jongin မင်းဘယ်တုန်းက ရောက်နေတာလဲ"
ထမင်းစားခန်းထဲဝင်လာရင်း...
သစ်သီးတွေ စားပွဲပေါ်စီချနေတဲ့ Jongin
က ဝတ်ထားတဲ့ Longcoat ပင်မချွတ်ရသေး..."အခုမှပါ...အိမ်တံခါးလဲပွင့်နေတာနဲ့ .ဒီအတိုင်းဝင်ခဲ့လိုက်တာ...Junရော"
"အိပ်ပျော်နေတယ်.."
"ငါသူ့အတွက် အသီးတွေဝယ်ခဲ့တာ.. "
"အင်း..နိုးလာရင် ငါကျွေးလိုက်ပါ့မယ်.."
Jongin အိမ်ရှေ့ဧည့်ခန်းပြန်ရောက်လာတော့
လက်ထဲမှာ ပန်းသီးလှီးပြီးသားတစ်ပန်းကန်ပါလာခဲ့သည်..."ရော့..."
"အင်း..ကျေးဇူး"
ခက်ရင်းနဲ့အသင့်ထိုးစိုက် ပြီးပေးလာတဲ့ ပန်းသီးစိတ်ကို
လှမ်းယူရင်း တစ်ကိုက် ကိုက်မိတော့ ခံတွင်းထဲမှာ
အခါများစွာကလို ချိုမြမနေခဲ့....