"ကျွန်တော် ငြင်းတယ် Daddy"ထိုင်နေရာက ထရပ်လိုက်ရင်း ငြင်းဆန်ခြင်းမှာ
ခေါင်းတခါခါ လက်တခါခါ ရှိကာ...."ပြန်ထိုင်စမ်း Oh Se Hun ငါမင်းသဘောထားကိုမေးနေတာမဟုတ်ဘူး"
ဒီလိုဖြစ်လာမယ်လို့ကြိုတွေ့းထားပြီးသားမို့..သူ့ကိုမော့ကြည့်နေမိခြင်းမှာ အံ့သြခြင်းမပါ...
"ကျွန်တော် Junနဲ့သွားနေတယ်ဆိုတာ
လွတ်လွတ်လပ်လပ် နေချင်လို့..တခြားဘာအကန့်မှမရှိဘူး..Jun,နဲ့ကျွန်တော်ရိုးသားတယ်""Daddyအခု..ဆယ်ကျော်သက်အရွယ်လေး ရည်းစားထားလို့ စစ်မေးနေတာမဟုတ်ဘူး..hun
ရိုးသားခြင်းမရိုးသားခြင်းတွေ လဲ daddy စိတ်မဝင်စားဘူး..""ကျွန်တော့် ဖက်ကို နည်းနည်းလေးထည့်တွက်ဖို့တော့လိုတယ်daddy..
အခုလိုချည်ပြီးတုပ်ပြီး Daddyအသိုင်းအဝိုင်းတွေထိအသိပေးပြီးမှ ကာယကံရှင်က..သိရတာတော့ daddyလွန်တယ်""ဒါတော့ မင်းနဲ့Daddyမျှတပါတယ်..မင်းထင်ရာတွေလျှောက်လုပ်ခဲ့ဖူးသမျှ..Daddyမျက်နှာကိုဘယ်တုန်းကငဲ့ကွက်ဖူးခဲ့သလဲ"
"Daddy..".
"Hun...ငါ့သားက တကယ် တော်ပါတယ်..
ထက်မြက်တယ်..တစ်ခုပဲ စိတ်ထင်တိုင်းနေတတ်တာကလွဲရင်..အဲ့တစ်ခုက ဘယ်လောက်ထိ ဒုက္ခပေးနိုင်သလဲသိလား..""......"
"မင်း စိတ်အလိုလိုက်ပြီး..Emerald ကို ကစားနေကျအတိုင်း ကစားခဲ့တယ်... ဒါပေမယ့် Emeraldက ခပ်ညံ့ညံ့မိန်းကလေးမဟုတ်ဘူး..
သူ့အဖေဆိုတာလဲ သူ့သမီးလက်ညှိုးညွှန်ရာရေဖြစ်စေမယ့် အဖေမျိုး..
မြေကွက်ကိစ္စလေးကြောင့် Daddy ခုလိုဖြစ်နေတာမဟုတ်ဘူး hun... ""ကျွန်တော်က ယောက်ျား လေးပါ Daddy"
"ဘာပဲ ဖြစ်နေဖြစ်နေ လိုချင်ရင်ရအောင်ယူနိုင်တဲ့
ဖြတ်လမ်းနည်းတွေကို သူတို့ဖန်တီးနိုင်တယ် hun..
ဒီတစ်သက်မှာတော့ Emerald Landနဲ့ ဘယ်နည်းနဲ့မှ မပတ်သက်ချင်ဘူး သား""ဒါပေမယ့် "
"တော်ပြီ hun..မင်း Junနဲ့ လက်ထပ်ရမယ်..
Junကလွဲပြီး မင်းကိုတခြားဘယ်သူနဲ့မှ သဘောမတူနိုင်ဘူး ...တစ်သက်နဲ့တစ်ကိုယ်ဒီတစ်ခါပဲတောင်းဆိုဖူးတဲ့ Daddy ဆန္ဒကို မင်းငြင်းမယ်ဆိုရင်တော့ မင်းသဘောပါ..."