📲📲📲📲📲📲📲ကိုက်ခဲနေတာတွေသက်သာအောင်
်ဆေးသောက်ပြီး
ဆေးအရှိန်နဲ့မှေးခနဲပျော်လုလုမှာ ထမြည်လာတဲ့
Ph ringtone ကြောင့် contact nameကို
လှမ်းကြည့်မိတော့.... uncle.."Hello uncle"
"သားJun...သက်သာရဲ့လား"
မနေ့ကလဲ အလုပ်တွေထားခဲ့ပြီး..တစ်ချိန်လုံးအနားမှာ
ရှိနေပေးခဲ့တဲ့ uncle..."ဟုတ်ကဲ့ သက်သာပါတယ် uncle ...နောက်နှစ်ရက်လောက်ဆိုရင် ဆေးရုံဆင်းလို့ရပြီ.."
"Hunကို uncleအလုပ်ပေးနားပြီးပြန်လွှတ်လိုက်တယ်..
သားတစ်ယောက်တည်းဖြစ်နေမှာစိုးလို့"ကိုယ့်ကြောင့် ဝန်ထုပ်ဝန်ပိုးဖြစ်မှာစိုးတာကြောင့်..
ဆေးရုံမှာ kyaungsoo ရှိနေတာကို အကြောင်းပြပြီး hunnieကို အလုပ်သွားခိုင်းခဲ့တာ.."မဟုတ်တာ...ကျွန်တော် တစ်ယောက်တည်းလဲအဆင်ပြေပါတယ် kyaungsoo လဲရှိနေတာပဲ uncleရယ်..
အလုပ်မှာ hunnieမရှိရင်ကျတော့ uncleတစ်ယောက်တည်း..."တဖက်ကတိုးတိုးလျလျအသံသည်...ရယ်လိုက်သည်လား သက်ပြင်းချသည်လားမသဲကွဲ...
"သားJun..."
"ဗျာ"
"အားတုန့်အားနားစကားတွေမပြောနဲ့ သား..uncleတို့ကမိသားစုတွေ မဟုတ်လား"
ပြန်ဖြေစရာစကားတကယ်မရှိပါ...uncleသည်ပဲ
တစ်ဖက်လူနာခံစေနိုင်စွမ်းရှိသည်လား..
သေချာတာတစ်ခုကတော့ ကျေးဇူးတရားတွေဟာ
ကြီးမားပြီးရင်းကြီးမားနေခဲ့ပြီ.."ဟုတ်ကဲ့ပါ uncle"
"ကဲ..နားတော့ သားJun..uncleဖုန်းချလိုက်တော့မယ်"
စကားအများကြီးလဲမပြောရပါပဲ ပူလောင်ခြောက်သွေ့လာတဲ့ အာခေါင်ကြောင့် ရေဆာသလိုလို...
အနည်းငယ်လှမ်းတဲ့စားပွဲပေါ်က
ဖန်ရေတကောင်း လေးဆီရောက်ဖို့ ခြေလှမ်းသုံးလှမ်းလောက်လှမ်းရမှာမို့ နာနေတဲ့ခြေထောက်ကို အသာဖော့နင်းကာ ကိုယ်ကိုမတ်မတ်ရပ်လိုက်သည်...တစ်လှမ်းအဆင်ပြေတော့ နောက်တစ်လှမ်း..
"Ah..."
ဘာအကူအညီမှမပါဘဲ အရဲကိုးလျှောက်မိခြင်းကြောင့်
သုံးလှမ်းမြောက် ခြေလှမ်းစစချင်း
ဒူးဆစ်နေရာကစလို့ ပေါင်တစ်လျှောက်ကနေ ခါးအထိအောင့်မျက်သွားခြင်းမှာ လူက မဟန်နိုင်စွာ
ပြိုလဲလေသည်..