💔18💔

2.4K 212 3
                                    


နှစ်လကျော် ကျော်သာ ဝေးကွာခဲ့တဲ့ အပြင်လောကဟာ...သိပ်အများကြီးတော့ ပြောင်းလဲမသွားခဲ့...ဆောင်းဦး နှင်းစက်လေးတွေတွဲလွဲ ခိုနေတဲ့ သစ်ရွက်ဖျားလေးတွေကို တမေ့တမော
ငေးကြည့်နေရင်း...တစ်ခုခုလစ်ဟာ နေသလိုခံစားချက်ဟာ ဘာမှန်းမသိ..

ရက်ပေါင်းများစွာ
လှုပ်ရှားခြင်းမရှိခဲ့တာကြောင့်.. အားနည်းနေခဲ့သည့်ခြေထောက်တွေက..
တစ်စုံတစ်ယောက်အကူအညီပါမှသာ ခြေလှမ်းများများ
လှမ်းနိုင်လေသည်...

"ထိုင်အုံးမလား... Jun"

"အင်း ခဏထိုင်မယ်"

ဆေးရုံခြံဝန်းထဲ လမ်းလျှောက်နေခဲ့တာ အတန်ငယ်ကြာပြီမို့ ခြေထောက်တွေကိုအနားပေးဖို့
ဘေးနားက ခုံတန်းလေးပေါ်ထိုင်ရန်ပြင်တော့
အသာထိန်းပြီး ထိုင်စေတဲ့ hunnie...

"ငါအလုပ်ထွက်လိုက်ရပြီ မဟုတ်လား hunnie..."

"ဟင်...မင်းဘယ်လိုသိ.."

"ဒီလိုပဲ.. ငါခန့်မှန်းမိတာပါ"

ဘယ်အချိန်ပြန်နိုးလာ မယ်မှန်း မသိနိုင်တဲ့
လူတစ်ယောက်ရဲ့ ပျက်ကွက်ခြင်းကို ဒီလိုနာမည်ကြီး
Private ဆေးရုံတစ်ခုဟာ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းလိမ့်မည်မဟုတ်..ကိုယ့်နေရာကို အစားထိုးဖို့လဲ သိပ်လွယ်လွန်းသည်မဟုတ်လား...

"မင်းအိမ်သန့် ရှင်းရေး ရောလုပ်ရဲ့လား..hunnie"

ကိုယ့်အမေးကို
ခပ်ပြုံးပြုံးမျက်နှာထားနဲ့ ခေါင်းရမ်းကာဖြေသည်...

"မင်းကတော့လေ..."

နှစ်ယောက်လုံး သန့်ရှင်းရေးလုပ်ရတာ ပျင်းကြတာခြင်းတူပေမယ့်...တစ်ယောက်မဟုတ်တစ်ယောက် မဖြစ်မနေလုပ်ကြရမယ့် အရေးမို့ hunnieကို
အလျော့ပေးကာ..အိမ်သန့်ရှင်းရေးကို ကိုယ်သာလုပ်ဖြစ်သည်....

"အိမ်သန့် ရှင်းရေးလုပ်ဖို့မပြောနဲ့ နှစ်လ လုံးလုံး ငါအိမ်မှာ တစ်နာရီပြည့်အောင်တောင် မနေဖြစ်ခဲ့ဘူး..Junရဲ့"

"ဟမ်"

"ငါမင်းနဲ့အတူ ဆေးရုံမှာပဲ ရှိနေခဲ့တာ.."

Hunnie ကလား....ကိုယ့်အနားနေခဲလှသည့်
Hunnie...သတိရ ကာစ ပထမဆုံးမြင်လိုက်ရတာ
Uncle နဲ့ sepcial nurse လေးရယ်ပဲမို့
ကိုယ့် အတွေးထဲမှာတော့ ဝန်ဆောင်မှုကောင်းလွန်းလှသည့်
Private hospitalရဲ့ services တွေနဲ့
နှစ်လ လုံးလုံး ဖြတ်သန်းခဲ့သည်ဟုသာ....

💔💔ဆံုမွတ္အသေခ်ၤ(ဆုံမှတ်အသင်္ချေ) 💔💔(completed)Donde viven las historias. Descúbrelo ahora