"လမ်းခွဲကြရအောင် "ဟား.....
မျက်နှာပြင်တစ်ခုလုံးလက်နဲ့သပ်ချပစ်ရင်း
စိတ်ရှုပ်ထွေးစွာ ညည်းညူ မိသည်....
ည တည်းက
တစ်မှေးမှ အိပ်လို့မပျော်ဘဲ Jun
စကားက အတွေးထဲ တစ်ဝဲလည်လည်...ငါ့ စိတ်ပျက်သွားပြီ လား Jun....
ငါမင်းကို မယုံတာမဟုတ်ဘူး Jun...
မင်းကိုဒေါသထွက်မိသွားတယ်လို့ ထင်ခဲ့ပေမယ့်
တကယ်တမ်း တော့ ငါကြောက်နေတာ...
မင်းကို စွန့်လွှတ်လိုက်ရမှာ ကြောက်တာ...
Oh Sehun ကို နားလည်ပေးတတ်တဲ့ Kim Jun ဟာ ဒီတစ်ခါတော့
"လမ်းခွဲကြရအောင်"တဲ့...နာနာကြည်းကြည်း မျက်နှာနဲ့ အေးစက်စက် လေသံဟာ
ငါမင်းကို လက်လွှတ်ပေးဖို့ လုံလောက်စေတဲ့
အကြောင်းရင်းရယ်ပါ....မင်းအနားမှာငါမရှိတော့ရင်
မင်းနဲ့ငါပတ်သက်မှုမရှိတော့ရင်..
မင်းအနှောက်အယှက်ကင်း သွားပြီမို့...
လုပ်ကြရအောင်ပါ Jun....
လမ်းခွဲကြတာပေါ့.....📲📲📲📲📲📲
ကျယ်ကျယ်လောင်လောင်ထွက်လာတဲ့ phone
သံကြောင့် အတွေး စ တွေ ခဏ ပြတ်တောက်သွားရင်း...."Hello.. Daddy"
"Hun...သားJunကိုပါခေါ်ပြီး Daddy ဆီလာခဲ့..
ခုချက်ချင်း နော်"အလောတကြီးခေါ်နေပုံအရ...
ညတုန်းက ပဋိပက္ခ အကြောင်းတွေ Daddy သိသွားပြီ
ထင်ရဲ့...-----------------------------
အသက်ရှုသံပင်ပြန်ကြားနေရတဲ့အထိ အခန်းဟာ တိတ်ဆိတ်လို့ရယ်....နှစ်ယောက်လုံးကို ထိုင်ခိုင်းထားပေမယ့် Daddyဘာမှ မပြောသေး...
စိုးရိမ်ပူပန်နေပုံရတဲ့daddy ဟာ သက်ပြင်းတွေခဏခဏ ချနေခဲ့သည်...."လွန်ခဲ့တဲ့ 5 နာရီလောက်က Daddy တို့ Oh group ရဲ့ data တော်တော်များများ hack ခံလိုက်ရတယ်"
"ဗျာ.."
"ဘယ်လို Daddy"
ထင်းထားတာက တခြား ကြားလိုက်ရတဲ့စကားက
ကိုယ့်နားကိုယ်ပင်မယုံနိုင်....ယောင်ယမ်းပြီးJunကို
ကြည့်မိတော့ သူလဲကိုယ့်နည်းတူ မယုံနိုင်ခြင်းတွေနှင့်..."ဟုတ်တယ်...နည်းပညာပိုင်းဆိုင်ရာ ရော..
Bank account တော်တော်များများရော.."