💔12💔

2.3K 218 27
                                    


"Junnie"

"ဟင်... "

ခေါ်သံကိုပြန်ထူးလိုက်တာ မဟုတ်ဘဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေရာက ထမြည်တဲ့ဖုန်းကို
ကမန်းကတန်း ကိုင် လိုက်ခြင်းသာ...

"Junnie....ခဏလောက်တွေ့ချင်တယ်"

"ဟင် ခင်ဗျား....Jack..."

"ဟုတ်တယ်.. ကိုယ် Babyအိမ်ရှေ့မှာ ..."

အိပ်ရာထဲက လက်ထောက်ပြီးထလိုက်ရင်း ခန်းဆီးစကို
သိမ်းကာ ကြည့်တော့ ကားအနက်တစ်စီးနဲ့ ခြံရှေ့မှာ.....ညအချိန်မတော်...

"Junnie...baby"

အာလေးလျှာလေးအသံတွေက အပြင်ကနေတောင်သဲ့သဲ့ကြားနေရတဲ့အထိ...
လူခြေတိတ်လှတဲ့ ရပ်ကွက်အနေအထားကြောင့်
ပတ်ဝန်းကျင် က ကြားသွားရင် မကောင်းပြီမို့....

" တိုးတိုး နေ ကျွန်တော်လာခဲ့မယ်
ပြောချင်တာကို အနားရောက်မှပြော.. ဟုတ်ပြီလား"

Hoddie တစ်ထည်ကို ဖြစ်သလို လျှိုဝတ်လိုက်ရင်း
အောက်ထပ်ကိုဆင်းကာ ခြံပြင်မြန်မြန်ရောက်အောင်
ထွက်ခဲ့လိုက်သည်...အားနာတတ်တဲ့အကျင့်ကြောင့်
အလိုက်အထိုက်ဆက်ဆံမိတဲ့ ဆိုးကျိုးတွေ က ကောင်းကောင်းကြီး ပညာပြလေပြီ...

"Junnie..."

"သောက်လာတာလား Jack....မူးနေရင်လဲ
ပြန်တော့လေ..."

မူးကွဲနေတဲ့ ခန္ဓာကိုယ်က ကားကိုမှီရပ်ထားတာတောင်
ခနော်ခနဲ့....

"ပြန်မှာ babyရဲ့ ကိုယ်ပြန်မှာ...အပြီးပြန်တော့မှာ ကနေဒါကို
...Junnie မကြိုက်မှန်းသိလို့ ကိုယ်ဆင်ခြင်ခဲ့ပေမယ့်
..လက်လျှော့လိုက်တာတော့မဟုတ်ဘူးနော်..."

"တောက်... ခင်ဗျား တိုးတိုး ပြောဗျာ.."

Baby တွေ...Junnieတွေနဲ့
ကျယ်သည်ထက်ကျယ်လာတဲ့ အသံကို တားဆီးဖို့
အော်ဟစ်နေတဲ့ ပါးစပ်ကို လက်ဝါးနဲ့မိအောင်အုပ်ပစ်လိုက်သည်....

"ဒီမှာ... ခင်ဗျားကို အရင်ကလဲ စိတ်မဝင်စားသလို
နောက်လဲ စိတ်ဝင်စားမှာမဟုတ်ဘူး....
ကျွန်တော့်ကို သိက္ခာကျအောင်ထပ်လုပ်နေအုံးမယ်ဆိုရင်...ခုပြန်တော့"

ခြေကာလက်ကာနဲ့ တောင်းပန်ဟန်ပြတော့မှ ဖိအုပ်ထားတဲ့လက်ကို လွှတ်ပေးလိုက်သည်...

💔💔ဆံုမွတ္အသေခ်ၤ(ဆုံမှတ်အသင်္ချေ) 💔💔(completed)Donde viven las historias. Descúbrelo ahora