💔17💔

2.3K 211 14
                                    


"လူနာက Post-traumatic amnesia
လို့ခေါ်တဲ့ အတိတ်မေ့ခြင်း တစ်မျိုးခံစားနေရတယ်...
အဲ့ဒီလို လူနာတွေဟာ ကိုယ့်နာမည်ကိုတောင်
မမှတ်မိတာမျိုး ဖြစ်တတ်ကြပေမယ့်...
သုံးပုံ ပုံ ရင် တစ်ပုံစာလောက် လူနာ အနည်းစုကတော့
ထိခိုက်ဒဏ်ရာမရခင် တချို့အဖြစ်အပျက်တွေလောက်ပဲ
မေ့သွားတတ်ကြပြီး ကျန်တဲ့ အကြောင်းအရာတော်တော်
များများကို မှတ်မိနိုင်ကြတယ်...Kim Jun ကတော့
အဲ့ဒီလူနည်းစုထဲမှာပါတယ်..."

ထိခိုက်ဒဏ်ရာ မဖြစ်ခင် အကြောင်းအရာတစ်ချို့....
မေ့လောက်စရာတွေ အများကြီးထဲမှာမှ ငါနဲ့ပတ်သက်သမျှတွေက မေ့ချင်စရာအကောင်းဆုံးဖြစ်နေခဲ့တာလား Jun....

"သူအရင်အတိုင်းပြန်ဖြစ်ဖို့ ကျွန်တော်တို့
ဘာများကူညီနိုင်မလဲ.. ဆရာ"

ရေငုံနှုတ်ပိတ်ထိုင်နေတဲ့ ကိုယ့်အစား...Jonginကသာ
မေးတစ်ခါ ဖြေတစ်လှည့်...

"Memory recallဖြစ်စေဖို့ သူမှတ်မိလွယ်မယ့်
အမှတ်တရ ဖြစ်လောက်တဲ့ အကြောင်းအရာလေးတွေ ပြန်ပြောပြရမှာ ပေါ့..."

"ဟုတ်ကဲ့.."

"ဒါပေမယ့် အခုစောပါသေးတယ်..သူသေချာနေကောင်းတဲ့အထိ စောင့်လိုက်ပါအုံး..သူ့ခေါင်းက အရမ်းကြီးအလုပ်ပေးလို့မရသေးဘူး"

အမှတ်တရ...
Junရေ..ခုလိုပြန်တွေးကြည့်တော့ မင်းနဲ့ငါကြား
နာကျင်စရာ အမှတ်တရတွေကလွဲရင် ဘာမှမရှိခဲ့ဘူးပဲ...အဲ့ဒါတွေ ပြန်တူးဆွပြီးမင်း မှတ်မိလာအောင်
ကြိုးစားဖို့..ဟင့်အင်း...ငါမလုပ်နိုင်လောက်ဘူး...

Junအခန်းထဲမှာ ကတည်းက
အတင်းပြောပြ မယ် တကဲကဲ လုပ်နေတဲ့ Jongin
ကတော့ အားတက်သရော...

---------------------

"မင်းဘာလို့ ငါ့ကိုတားနေတာလဲ Hun"

ဆရာ့ ဆီက အပြန် Junရှေ့ရောက်ရောက်ချင်း
..Jun မင်းနည်းနည်းလောက် ကြိုးစားပြီး စဉ်းစားကြည့်စမ်း..တွေဘာတွေလုပ် နေတာကြောင့်
အတင်းဆွဲခေါ်လာတဲ့နောက် ခြေကားယားလက်ကားယား ပါလာရင်း မကျေမခြမ်း
ပြောနေတာ ခုထိမပြီးနိုင်...

"Jongin.."

ဘာလဲဆိုတဲ့ အကြည့်က ခပ်စောင်းစောင်း...

💔💔ဆံုမွတ္အသေခ်ၤ(ဆုံမှတ်အသင်္ချေ) 💔💔(completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ