"Hunnie""ဟင်"
ခေါ်သံလာရာကြည့်မိချိန် မှာ
ရုတ်ချည်းဆိုသလိုနှုတ်ခမ်းတွေဖြူပျော့ကျသွားတဲ့
မျက်နှာလေး...ခေါင်းကိုက်ပြန်ပြီထင်ရဲ့...
ပါးပြင်တွေကိုဖွဖွလေး အုပ်မိုးဆုပ်ကိုင်တော့
အသည်းအသန်စဉ်းစားတွေးတောနေဟန် နဲ့
မော့ကြည့်လာသည်.."Hunnie..ငါတစ်ခုခု မေ့နေတာရှိကိုရှိတယ်..အဲ့ဒါဘာလဲ"
ခေါင်းကိုအသာရမ်းပြမိသည်....
"မစဉ်းစားပါနဲ့ Jun...မတွေးနဲ့...သတိရဖို့ကြိုးစားတိုင်းမင်းပင်ပန်းရတယ်မဟုတ်လား"
တားနေတဲ့ ကိုယ့်စကားကို လက်ခံချင်ပုံမရတဲ့
Junဟာ မျက်မှောင်တွေကျုံ့ထားဆဲ....
တစ်ခုခု ဖြေပေးလာဖို့ ပြောချင်နေတဲ့နှုတ်ခမ်းတွေက
စကားပြောဖို့အားယူနေတုန်း...."ချစ်တယ်..Jun"
"..."
"ငါမင်းကို ချစ်တယ်...
မင်းသတိမရခဲ့တဲ့ တချို့အတိတ်တွေအတွက်ရော...
လက်ရှိ ပစ္စုပ္ပန် အတွက်ရော...နောင်လာမယ့် အနာဂတ်အတွက်ရော ဒီတစ်ခုပဲ...အဲ့ဒါလေးတစ်ခုပဲ မင်းသိရင်ရပြီ...ကျန်တာတွေထားခဲ့လိုက်တော့ Jun.."အစီအစဉ်မကျစွာ
ဖွင့်ဟဝန်ခံ ခဲ့မိတဲ့အမှန်တရားတစ်ခုရဲ့နောက်မှာ
အံ့သြသယောင်ပြုတဲ့ မျက်နှာလေးဟာ
ကိုယ့်မျက်နှာဆီမှာသာ စူးစိုက်နေခဲ့သည်....Jun..
ရင်နဲ့ အမျှ ခံစားချက်တွေကို ငါ တစ်ခမ်းတစ်နား မပြောပြတတ်ပေမယ့် ချစ်ခြင်းတရားကို ငါ့ထက်ပိုရင်းနှီးခဲ့တဲ့
မင်းက ကောင်းကောင်းနားလည်နိုင်လိမ့်မှာပါ..."ဘာမှ မစဉ်းစားဘဲ ခဏ နားလိုက် Jun..."
လေနဲ့ထိခတ်ဆော့ကစားရင်း နဖူးပေါ်ရှုပ်ထွေးပြိုကျနေတဲ့ ဆံနွယ်တချို့ကို သိမ်းသပ်ကာ..
ခေါင်းလေးကို ပုခုံးထက်မှာ နေရာချပေးတော့
မျက်လုံးတွေမှိတ်ထားရင်း ခပ်လျော့လျော့မှီ လေသည်...အေးစက်စက်လက်ချောင်းတွေကို လက်ဖဝါးနှစ်ဖက်ကြားထွေးဆုပ်ထားတော့
ကိုယ့်လက်ချောင်းတွေကြားထဲထိ ရောက်အောင်သွယ်ယှက်လာခဲ့ရင်း..
![](https://img.wattpad.com/cover/140130486-288-k888659.jpg)