"ဟားးး"
လေပူတစ်ချက်မှုတ်ထုတ်ရင်း...စားပွဲပေါ်က နာရီကိုကြည့်မိတော့ နာရီလက်တံတွေက
မနည်းလှသည့်အချိန်တစ်ခု ကို လှစ်ဟပြကာရယ်..Heaven ကပြန်လာပြီး အဝတ်အစားတောင်မလဲဖြစ်ဘဲ
အိပ်ရာထဲဖြစ်သလို လှဲချ နေခဲ့တာ နာရီတော်တော်ကြာတဲ့အထိ...အထီးကျန်တယ်ဆိုတာမျိုးလား....
တစ်ခုခုလိုအပ်နေသလို..တစ်ခုခုလစ်ဟာနေသလို..
ခံစားချက်ဟာလေ...ညတိုင်းလိုလို စာဖတ် တတ်တဲ့ Jun အခန်းဆီက
မီးအိမ်အလင်း အရောင်ကိုလား..ညလူခြေတိတ်ချိန် တစ်ခါတစ်ရံ ကြားရတတ်တဲ့ စာရွက်လှန်သံကိုလား...သေချာတာကတော့... မင်းမရှိတဲ့ ည ဟာ သိပ်ကို
မှောင်မိုက်ရှည်ကြာလွန်းတယ် Jun...*******************
နားရက်မို့  Kyaungsoo ဆီမှာ မနက်စာပါစားခဲ့ပြီးမှ အေးအေးဆေးဆေးပြန်ဖြစ်သည်....လှုပ်ရှားသံ တစ်စုံတစ်ရာမကြားပုံအရ Hunnieအလုပ်သွားပြီထင်ရဲ့...
လှေကားဆီကနေ ကိုယ့်အခန်းဆီရောက်ဖို့သွားတိုင်း ဖြတ်လျှောက်ရတဲ့
အခန်းထဲ ဘာရယ်မဟုတ်ဝေ့ကြည့်မိသည်..."ဟင် Hunnie..."
Lock မချထားတဲ့ ခပ်ဟဟတံခါးကတစ်
ဆင့် မြင်နေရတဲ့ အခန်းထဲက မွေ့ ရာပေါ်က
Hunnie...
ညကသောက်ထားတဲ့အရှိန်နဲ့ အိပ်ရာ ထဲက မထနိုင်သေးတာလား..အလုပ်နောက်ကျအုံးတော့မယ်...."Hunnie.."
"Imm"
မျက်ခုံးထူထူတွေတွန့်ချိုးကာ နှုတ်ခမ်းလှုပ်ရုံပြန်ထူးပေမယ့် မျက်လုံးတွေကပွင့်မလာ..
"ထ တော့ Hunnie မင်းအလုပ်နောက်ကျတော့မယ်"
တချက်လူးလွန့်လာရင်း ပြန်ငြိမ်သွားပုံက မှိန်းနေတာလား...
နဖူးပြင်ဆီလက်ဝါးနဲ့ ဖိကပ်မိတော့ ပုံမှန်မဟုတ်သည့် ကိုယ်ငွေ့ က ပူပူရှိန်ရှိန်...
Heater လဲ မဖွင့်အခန်း
တံခါးလဲမပိတ်ထားတဲ့ အခန်းထဲမှာ Hunnieစောင်လဲ မခြုံဘဲတစ်ညလုံးနေခဲ့ပုံရသည်...အပူမကျမချင်း ဆေးလဲတိုက်လို့ မရ ကျွေးသမျှဘာမှမစားဘဲ မျက်လုံးမဖွင့်တော့မယ့် Hunnie
အကျင့်ကို သိနေတာကြောင့် ...ရေပတ်တိုက်ဖို့ပြင်ရတော့သည်...