"Jun"Blood result တစ်ခုကိုဖတ်နေရင်း..ခေါ်သံနဲ့အတူအနားမှာဝင်ထိုင်လာတဲ့ပုံရိပ်ကြောင့်မော့ကြည့်မိတော့..
"အင်း Kyaungsoo"
"ငါအကူအညီတောင်းချင်လို့.... နော်Jun"
လည်ပင်းဖက်ပေါင်းလာတဲ့သူငယ်ချင်း အချင်းချင်းစကားပုလ္လင်တွေခံနေတဲ့Kyaungsoo
မျက်နှာဟာ ပြုံးယောင်ယောင်..."ပြောလေ"
"ဒီညနေ ငါ့duty မင်းဆင်းပေးလို့ရမလား"
အရင်ကလဲ အကြောင်းရှိရင်တစ်ယောက်တစ်လှည့်ဆင်းပေးနေကျ
ဒီနေ့မှအထူးအဆန်း..."ရပါတယ်..မင်းအရေးကြီးကိစ္စရှိရင်..."
"ငါ Jonginနဲ့ heaven ကိုလိုက်သွားချင်လို့"
..heaven..clubလူရှင်းတဲ့ရက်တွေတိုင်း
လေးယောက်ဆုံဖြစ်နေကျနေရာကို..တစ်ခါမှမရောက်ဖူးသေးတဲ့နေရာလိုပြေညနေပြန်သည်..
နားမလည်သလိုခပ်ငေးငေးကြည့်နေတဲ့ကိုယ့်ကို
အပြုံးတစ်ချက်နဲ့ပြန်ဖြေလေတဲ့ kyaungsoo.."Jonginက လိုက်ခဲ့မလားလို့ခေါ်တာနဲ့..
ငါလဲ ဒီအတိုင်းသူ့အနားမှာရှိနေချင်လို့.."ဒီတစ်ခါပြုံးလိုက်မိတာကိုယ်ဖြစ်သွားခဲ့သည်..
..Kyaungsoo အချစ်လဲအတော်ရင့်ပါရောလား...
"သွားလေ.."
"ကျေးဇူး Jun.."
ငါချစ်ရတဲ့သူ ခင်တွယ်ရတဲ့မင်းကို ငါပျော်စေချင်ပါတယ်kyaungsoo..
မင်းပျော်နေရင် သူလဲပြုံးနေလိမ့်မှာပါ..
ဒါပေမယ့် Kyaungsoo.. တစ်ခါတစ်ရံတော့ မင်းရဲ့ပျော်ရွှင်မှုတွေက ငါချစ်ရတဲ့သူရဲ့နာကျင်မှုဖြစ်နေတတ်ပြန်တယ်..
"Kyaungsoo က ဘာလို့ငါ့ထက် Jonginကိုပို ဂရုစိုက်ရတာလဲ.."
မကျေမနပ်နဲ့မေးလာတိုင်း
ငါပြန်မဖြေတတ်သလို..
"ငါဂရုစိုက်ပေးတာတွေကို မင်းမမြင်ဘူးလား"လို့ မမေးနိုင်တဲ့ ငါလဲနာကျင်ရတယ်...ငါ့လိုဘဲတန်ဖိုးထားမြတ်နိုးရာခြင်းတူညီတဲ့ Jongin ရော..
ငါတို့လေးယောက်လုံးဟာ..ဒီလိုနာကျင်မှုထဲမှာပိတ်မိနေခဲ့တာ...