"Junက ချစ်စရာလေးနော်.."အလုပ်အကြောင်းတချို့တဝက်ပြီးတဲ့နောက်..
Emeraldရဲ့ရောက်တတ်ရာရာစကားတွေက..နောက်ဆုံးတော့ ကိုယ်နဲ့Junဆီသာပြန်ရောက်လာခဲ့သည်..."အဲ့ဒါကြောင့်..Jack က babyဆိုတာကိုပါးစပ်ဖျားကမချတာ"
Jack..Emeraldစကားတွေထဲ ခဏခဏပါလာတတ်ပြီး
Junအနားရောက်ရောက်လာတတ်တဲ့သူ.."သူက ဘယ်သူလဲ.."
"Jackကိုသိချင်သွားပြီလား hun"
မင်းရဲ့Jack အကြောင်းတွေကိုယ့်ဆီအရောက်ပို့ချင်နေ မှန်း
သိသာနေတော့လဲ ခက်သားပဲ Emerald.."ငါက မင်းပြောချင်နေတယ်ထင်လို့ပါ..."
ခပ်ချေချေကိုယ့်ပုံစံထက် မနိမ့်လှတဲ့ မျက်နှာထားနဲ့
သူမဟာ..လက်ထဲကဝိုင်ခွက်ကို လှလှပပ လှုပ်ရမ်းရင်း
စကားဆက်၏..."Jack က ကနေဒါ က.. ဟိုမှာငါနဲ့ ကျောင်းနေဖက်...
ု ITပိုင်းကျွမ်းကျင်တယ်..အခု Emerald land
ရဲ့နည်းပညာပိုင်းအတွက် ရောက်နေတာ...Junကို
သူဘယ်လိုရှာတွေ့သွားလဲတော့ ငါမသိဘူး..""ငါလဲ အဲ့ဒါတွေထိ စိတ်မဝင်စားဘူး "
...Emerald
တစ်ချက်ပြုံးသည်...သူပြောနေသမျှ စိတ်ဝင်စားဟန်မပြသည့် ကိုယ့်ကိုပြုံးသည်လား.."Hun..နင် စိတ်ဝင်စားမယ်ထင်တဲ့အကြောင်းအရာတစ်ခု ငါပြောပြမယ်...."
.သူနဲ့ကိုယ်ဒီလောက်ထိပြေလည်ကြတဲ့ဆက်ဆံရေးလဲ
မဟုတ်ပါဘဲ.
Emerald စကားတွေများလွန်းနေတာ
ဝိုင်အရှိန်ကြောင့်လား.. အတွေးမဆုံးသေးခင် စားပွဲတစ်ဖက်စွန်းကနေ မျက်နှာကိုငုံကိုင်းလာရင်း.."နင် Junကိုမချစ်တာ သေချာတယ်နော်"
ခေါင်းမညိတ်သလိုခေါင်းလဲမခါဖြစ်တဲ့အဖြေကို..သူမ
ဘာသာ ကောက်ချက်ချရင်း.."မချစ်နဲ့... မချစ်မိစေနဲ့ hun.."
"ဘာတွေပြောနေတာလဲ"
"နင်Jun ကို..မဟုတ်ဘူး Junမှမဟုတ်ဘူး
တခြားဘယ်သူကိုပဲဖြစ်ဖြစ်ချစ်မိသွားပြီဆိုတဲ့
အချိန်ကစလို့ နင်ငါ့ကိုထားခဲ့တဲ့အပြစ်အတွက်လက်စားချေမှာ မို့သတိပေးနေတာ.."