"Wow...Hun မတွေ့တာကြာပြီနော်""ကျစ်"
Lift ထဲအထွက် မြင်လိုက်ရတဲ့မျက်နှာ ကြောင့်
ကျစ်ခနဲ စုတ်သပ်မိသွားသည်...ဒီနေ့ပြဿဒါးပဲ.."တော်တော်လေး အဆင်ပြေနေတဲ့ပုံပဲ.."
လက်ထဲက coffee ဗူးတွေကိုကြည့်ရင်း ပြောပုံက ခနိုးခနဲ့..
"နင်ငါ သတိပေးထားတာကို မမေ့ပါဘူးနော်"
"အချိန်တွေပိုနေလား Emerald..."
ဘာမဟုတ်တဲ့ကိစ္စတစ်ခုကို ယိုးမယ်ဖွဲ့ ပြီး
ထင်းခွေမကြုံ ရေခပ်ကြုံ ပုံစံမျိုးတွေလုပ်နေခြင်းသာ...
တော်သင့်ပြီ မဟုတ်လား..."နင်နဲ့ Kim Jun နောက်တမင်လိုက်နေတယ် ထင်လို့လား...ဒါငါ share ဝင်ထားတဲ့ ဆေးရုံ..
ငါ့အကြောင်းနဲ့ငါ ဝင်ထွက်နေတာ အဆန်းမှမဟုတ်ဘဲ.
..နင် ကိုက စိုးရိမ်နေတာမဖြစ်နိုင်ဘူးလား.."ကြောက်နေတာလား ဆိုတဲ့ မျက်နှာ ထား နဲ့
မျက်ခုံးတစ်ချက်တွန့်ကာ နှုတ်ခမ်းတွေကခပ်မဲ့မဲ့ပြုံးသည်..."စိုးရိမ်တယ်??? စိုးရိမ်တယ်ဆိုတာ ဖြစ်လာမယ့်ကိစ္စတစ်ခုအတွက် ဘာမှမတတ်နိုင်တဲ့လူတွေရဲ့ အလုပ် Emerald..
ငါ Junကို ဘယ်အခြေအနေမှာပဲဖြစ်ဖြစ်ရအောင်
ကာကွယ်နိုင်တယ်""အိုး...hunရယ် ချစ်တတ်နေပါရော လား..အ ဟင်း"
မျက်ခုံးတွေကိုပင့်ကာ တမင် တကာလုပ်ယူထားတဲ့ အံ့သြဟန်ကိုတစ်ချက်ပြကာ ရှေ့တစ်လှမ်းတိုးပြီး
နား ဆီဖြေးဖြေးချင်းကပ်လာသည်.."ငါမရနိုင်တဲ့ နင့်ဆီက အချစ်တွေကို အပိုင်ရထားတဲ့
Junကို ငါJ ဝင်သွားပြီသိလား...
နင့်ရဲ့ Junကို သံကွန်ချာ ခုနစ်ထပ်နဲ့ သော့ခတ်ပြီးသိမ်းထားတော့ hun"ကြားသာရုံလေသံနဲ့ ပြောသွားတဲ့စကားကြောင့်
လက်ဖျံ ကအကြောတွေ ထောင်ထသွားတဲ့အထိ
လက်သီးတင်းနေအောင်ဆုပ်မိသည်...
လုပ်ကြည့်လိုက်ပေါ့ Emerald..."Hunnie"
Lift ဆီကိုလာနေတဲ့ Junက ကိုယ့်ကိုမြင်တော့
ပြုံးပြလာသည်...တစ်ယောက်တည်းတော့မဟုတ်"ဘယ်ကိုလဲ Jun.."
အားနာသယောင် အဖြူသက်သက် မျက်ဝန်းတွေက အနောက်ကလူ ကိုတစ်ချက်ပြန်လှည့်ကြည့်ရင်း..