"လက်မှတ်ထိုးကြဖို့ ပြောနေတာ""Jun!!"
တုန်လှုပ်နေသည်လား ဒေါသကြောင့်လား...
Hunnie အသံတွေလဲ မညင်သာတော့...
ဒါတွေဖြစ်မလာခင်တည်းက ဆုံးဖြတ်ထားပြီးသား
ကိစ္စပဲမဟုတ်လား...အကြောင်းရင်းမတူတာကလွဲရင်
ဖြေရှင်းနည်းကတော့ အတူတူပဲ..."Babyက သဘောပေါက်လွယ်သားပဲ"
ခါးခါးသီးသီးကို ရွံရှာမိတဲ့မျက်နှာဟာ..
နိုင်ကွက်ကို နင်းမိထားသည်မို့ ပြုံးနေပုံက ဆုတ်ဖြဲချင်စရာ...နောင်ခါလာနောင်ခါဈေး..နောင်ရေးတွေကို နောက်မှ ကြုံသလိုရှင်းဖို့တွေးမိသည်..လောလောဆယ် memory stick က အဓိက..
စာချုပ်ပေါ်အဆင်သင့် တင်ပေးထားတဲ့ ဘောပင်ကိုကောက်ကိုင်လိုက်တဲ့ ခဏ လက်ကိုရောဘောပင်ကိုပါ ဆွဲတားခံလိုက်ရသည်.
"Jun...မလုပ်ပါနဲ့ "
"မင်းနဲ့ငါ လမ်းခွဲကြဖို့ ဆုံးဖြတ်ထားပြီးသားပဲ hunnie...တွေးထားတာထက် နည်းနည်းမြန်သွားတာပဲရှိပါတယ်"
အတူတူရှိနေခဲ့တုန်းကရော မင်းနဲ့ငါ ပျော်ရွှင်ခဲ့ကြ ရဲ့လား...
ငါတို့ရဲ့ ခွဲခွာခြင်းက ပြဿနာတွေ ပြေလည်သွားဖို့
ဖြစ်နေခဲ့လို့..အဲ့ဒီလမ်းကိုပဲရွေးကြပါစို့ hunnie..."Jun..ငါမင်းကို တခြားလူလက်ထဲမထည့်နိုင်ဘူး..
အဲ့ဒါကို မင်းမသိတာလား..သိရဲ့သားနဲ့ ရှေ့ဆက်တိုးဖို့လုပ်နေတာလား...Huh""Hunnie...မင်းနဲ့ uncleအတွက် Oh Group ပျက်စီးသွား လို့ မဖြစ်ဘူး...အဲ့ဒီအတွက် Dataတွေ ပြန်ရမှဖြစ်မယ်...ဒီMemory stick
က Oh Group အတွက်အသက်ပဲ.... ""မင်း ကလဲ ငါ့အတွက်အရာအားလုံးပါ Jun.."
တိုးတိတ်စွာ ဝန်ခံစကား တစ်ခုရဲ့ အဆုံးမှာ ဝဲဘက်ရင်ဘတ်ဟာ ဓားဦးချွန်နဲ့ ထိုးဆွခံလိုက်ရသလို...
ငါကျေနပ်ပါတယ် hunnie... မင်းမဟုတ်တဲ့ တခြားသူတစ်ယောက်ဆီ ငါအလွယ်တကူသွားမှာမဟုတ်သလို..တကယ်လို့များ မင်းအနားငါပြန်မရောက်ဖြစ်ခဲ့ရင်...မင်းရဲ့အဲ့ဒီ
စကား တစ်ခွန်းကိုပဲ ရင်ထဲမှာသိမ်းထားရင်း
နေပျော်သွားမှာ...
ဒါပေမယ့်...အခုအချိန်မှာတော့
ငါ မတွေဝေ ပါရစေနဲ့...