နံရံဆီက တစ်ချောက်ချောက် နာရီသံ ကိုနားထောင်ရင်းညတော်တော်နက်သည်အထိ Sofaပေါ်က တစ်လှမ်းမှရွှေ့မိသေး...နားကနေတဆင့်ခေါင်းထဲရောက်လာခဲ့သည့် အကြောင်းအရာတွေက မိနစ်ကနေ နာရီကူးပြောင်းသည့်တိုင် နားထဲမှာ တစ်ဝဲလည် လည်....
"အဆင်ပြေရဲ့လား Jun"
ခြံရှေ့ရောက်လို့ကားပေါ်ကဆင်းခါနီး...
လမ်းတစ်လျှောက်လုံးပြောလာသမျှ သာကြောင်း
မာကြောင်းတွေနဲ့မသက်ဆိုင်စွာ... ဘာအကြောင်းကိုရည်ရွယ်မှန်းမသိ မေးလာတဲ့ Jack.."ဘာကိုလဲ Jack "
"Jun နဲ့ Oh Se Hun"
"အဲ့ဒါကိုဘာလို့..."
သူနဲ့မသက်ဆိုင်သည့် အကြောင်းမို့ ကိုယ့်ဘက်ကလဲဖြေစရာမလိုဟု ထင်မိသည်...
"အပေါ်ယံ လူအမြင်အဆင်ပြေရုံ အိမ်ထောင်ရေး တစ်ခုမှာ Junnieကို မနစ်မြုပ်စေချင်လို့.."
မတတ်သာလို့အကူအညီရယူခဲ့ခြင်းကို..
ကိုယ့် ဖက်က လိုက်လိုက်လျောလျောဆက်ဆံသည်
အထင်နဲ့များ ဘောင်ကျော်လေသည့်စကားတွေကိုဆိုလေသလား...."စိတ်ပူပေးတဲ့အတွက် ကျေးဇူးတင်ပေမယ့် အဲ့ဒါ ကျွန်တော့်ရဲ့ personal ပါ Jack..."
"Emerald နဲ့ Sehunမာနတံခွန်ထူနေကြတဲ့ပွဲမှာ
Junnie က ဘယ်လိုအနေအထားမျိုးလဲ သိရဲ့လား
..Emerald ကို အရွဲတိုက်ချင်ရုံသက်သက်နဲ့ Junnieကို Oh Sehun က......"ဆံပင်တွေကို ထိုးဖွပစ်လိုက်ပြီး ခေါင်းကိုပါရမ်းပစ်လိုက်သည်....
တော်ပါတော့..ခေါင်းထဲကနေထွက်သွားပါတော့..ကိုယ်ဟာ ဘယ်လိုအနေအထားပဲရှိရှိ..အသုံးချခ်ံဆိုရင်တောင်...
ချစ်နေရုံသက်သက်နဲ့ကျေနပ်ပေးနိုင်ဖို့ ကြိုးစားရမည် မဟုတ်လား....ကိုယ့်ကိုယ်ကို အတန်တန်ဆုံးမနားချနေသော်ညား ဝဲဘက်ရင်ဘတ်က
မနာခံ....မနာကျင်စမ်းပါနဲ့နှလုံးသားရယ်...."ဟင်...Jun"
အတွေးတွေလွန်နေရင်း တံခါးဖွင့်သံကိုသတိမထားလိုက်မိ...
အိမ်မှာပဲရှိနေလိမ့်မယ်ထင်ထားခဲ့တဲ့ Hunnie ဟာ
မနက်တုန်းက အဝတ်အစားတွေတောင်မလဲရသေးဘဲ ခုမှအလုပ်ကပြန်လာပုံရသည်...