ညက စာဖတ်ရင်း အိပ်ချိန်လွန်ခဲ့တာကြောင့် မနက်အိပ်ရာထနောက်ကျတော့သည်...
Duty ဝင်ဖို့ နာရီဝက်သာလိုတော့တာကြောင့်
အောက်ထပ်ကိုဆင်းတော့ လှေခါးထစ်တွေကို
ကျော်နင်းမိသည်အထိ ဝရုန်းသုန်းကား...
Bus မမီ ရင်ဒုက္ခများအုံးမည်မဟုတ်လား..."ငါလိုက်ပို့ပေးမယ်"
ထူးထူးဆန်းဆန်း ပြောလာတဲ့ Hunnie...
Duty coat ထည့်ထားတဲ့
လက်ထဲက အိတ်ကိုပါဆွဲယူသွားတာကြောင့်
ငေးကြောင်ကျန်ခဲ့တာကိုယ်ရယ်သာ...."လာလေ"
ကားတံခါးကို ဖွင့်ရင်း ခေါ်တော့ နာရီ ကိုတစ်ချက်ကြည့်ကာ ကျန်တာတွေ မတွေးအားပဲ ကားထဲဝင်ထိုင်လိုက်ရသည်..
"ခါးပတ်ပတ်အုံးလေ..နေတော့ ငါပတ်ပေးမယ်"
ကိုယ့်ကိုကျော်ပြီး ခါးပတ်ကြိုးကိုလှမ်းယူတော့
ထင်းနေတဲ့ မေးရိုးဟာ နှာဖျားနားပွန်ကာသီကာ...
.
.
ကားထိုင်ခုံခါးပတ်ကြိုးကို တင်းဆုပ်ထားရင်း
မှန်တံခါးဘက်ကိုသာ မျက်နှာလှည့်ထားမိသည်..
Hunnieဆီက ကိုယ်နဲ့ပတ်သက်လို့ တစ်ခုခုထူးထူးဆန်းဆန်းပြုမူလေတိုင်း သွေးပျက်မတတ်ဖြစ်နေတတ်တဲ့ ရင်ခုန်သံတွေကိုထိန်းနေရလွန်းလို့...
ကားပါကင်မှာ ကားရပ်တဲ့အထိ
ကားမှန်ကိုသာငေးရင်းရောက်တတ်ရာရာ
တွေးနေလိုက်သည်..."Jun"
"ဟင်"
"ညနေ ငါတို့လေးယောက် Heavenမှာဆုံကြမယ်..
ငါလာခေါ်မယ် Jun""အင်း.."
ကိုယ့်ကြောင့်အလုပ်မပိုစေချင်ပေမယ့်
ဒီနေ့အထိ ပြင်လို့မပြီးနိုင်သေးတဲ့ ကားကြောင့် ခက်သည်...ဆေးရုံရှေ့အထိ လိုက်ပို့ပေးသူကိုလဲ
အားနာမိသလိုလို.."ငါသွားတော့မယ် hunnie..လိုက်ပို့ပေးလို့ကျေးဇူးပါ"
.
.
.
"မတွေ့ တာကြာပြီ Kim Jun""ခင်ဗျား..."
ကိုယ့်အတွက်သီးသန့်ပေးထားသည့် အခန်းထဲ
က sofa ပေါ်မှာ ထိုင်နေတဲ့ Emerald...
သူ့ ရှယ်ယာတွေ အများအပြားရှိနေတဲ့ ဒီဆေးရုံမှာ
သူ့စိတ်ကြိုက်ဝင်ထွက်နေတာဆန်းတော့မဆန်း....
ထူးဆန်းသည်က ကိုယ်ဆီ ဘာကြောင့်များရောက်လာသလဲ...