နှစ်လဆိုတဲ့အချိန်ကာလအတွင်း နေ့ညမပြတ် တတီတီ မြည်နေတဲ့ Monitorစက်သံနဲ့
ရင်းနှီးကျွမ်းဝင်ခဲ့သလို Junဆီကနေရတတ်တဲ့
ဆေးနံ့ တွေနဲ့လဲယဉ်ပါးခဲ့သည်...
လိုက်ကာစဖြူဖြူတွေကာရံထားတဲ့ ဆေးရုံခန်းဟာ
ကိုယ့်အိမ်ကိုယ်ရာ လို...အသားမကျ သေးတာဆိုလို့
Jun မျက်လုံးတွေ ဖွင့်မလာသေးတာ တစ်ခုသာ...
မင်းစကားသံတွေ မပါတဲ့ နေ့ရက်တွေထဲ ငါနေသားမကျ သေးဘူး...Jun...စက္ကန့်တွေအထိလိုက်ပြီး တွက်ကပ်နေတာမဟုတ်ပေမယ့်.. မင်းမရှိတဲ့ အချိန်တွေဆိုရင် စက္ကန့်တစ်ခုစာရဲ့ အစိတ်အပိုင်းအမှုန်အမွှားလေးကိုတောင်
သည်းခံနိုင်ဖို့ ခက်ခဲ နေဆဲပဲ....."မင်းမှတ်မိသေးလား Jun...မင်းနဲ့ငါ ပထမဆုံးစတွေ့တဲ့ နေ့ကို...အဲ့ဒီနေ့  မှတ်မှတ်ရရ နှင်းတွေကျနေခဲ့တယ်လေ...ငါ့ဆီရောက်လာခဲ့တဲ့မင်းကလဲ အဲ့ဒီနှင်းစက်လေးတွေလို ဖြူဖြူစင်စင်လေး အေးချမ်းတယ်....
ပြီးတော့လေ Jun
Weather forecast တွေက ဒီနေ့ ပထမဆုံး နှင်းကျလိမ့်မယ်တဲ့ ...ငါက မင်းနဲ့အတူကြည့်ချင်တာ....အဲ့ဒါကြောင့် သိပ်နောက်မကျခင် ထ ခဲ့တော့ Jun.."ကိုယ့်လက်ထဲက ဖြူနုနု လက်ကလေး... သိသိသာသာ ပိန်သွယ် သွားခဲ့သလို
အပ်ရာတွေ အထပ်ထပ်...."Kyaungsoo လည်း ညတိုင်းဖုန်းဆက်တယ်..
သူမင်းဆီကိုပြန်လာချင်နေတာ... ကျောင်းတစ်ဖက်နဲ့မို့
ပြန်ဖို့ခက်နေပုံပဲ...ငါတို့တွေ မင်းကိုမျှော်နေကြတယ်
Junရယ်...အဲ့တာကြောင့် ဒီလိုမျိုးအကြာကြီးမနေပါနဲ့..."ခုတင်ဘေးထိုင်ခုံကနေ ထ ကာ
စောင်အဖြူလေးကိုရင်ဘတ်အထိ ခြုံပေးရင်း
ဆုပ်ကိုင်ထားခဲ့တဲ့
လက်ဖျားတွေကိုပါ စောင်ထဲပြန်ထည့်ပေးလိုက်သည်..."ငါ အလုပ်သွား တော့မယ် Jun..."
ဒီလိုပါပဲ...ပြန်မဖြေမှန်းသိလျက်သားနဲ့ မေးနေကျမေးခွန်းတွေ မေးတတ်ခဲ့တယ်...ကြားသလား မကြားဘူးလား မသေချာပေမယ့်
ကိုယ်ဖြစ်ချင်သမျှ ဆန္ဒတွေ သူ့ဆီမှာ တိုင်တယ်
တတ်ခဲ့တယ်...နားထောင်နေလား မသိပေမယ့်
ကိုယ်ဖြစ်ခဲ့သမျှ တစ်နေ့တာ အကြောင်းအရာတွေ
အခက်အခဲတွေ အကြောင်းရင်ဖွင့်ဖြစ်ခဲ့တယ်...----------------------------
"နောက် 15 minutes နေရင် Meeting စပါမယ် ဆရာ..."