Juniper..
ဝါယာကြိုးတွေအောက်မှာလှလှပပရှင်သန်နေခဲ့တာပဲ...
ဆေးရုံမှာ နေလိုက်ရတဲ့ရက်တွေအတွင်း ဂရုမစိုက်ဖြစ်တာ တောင် လန်းလန်းဆန်းဆန်းရှိနေဆဲ...
ဒီလိုပုံစံခွက်ဘဝမှာ ရှင်သန်နေပျော် နေတာလဲ ဝဋ်တစ်မျိုးပဲ.. Juniper...
ကိုယ့်အတွေးနဲ့ကိုယ်ရူးပြီး... ကိုယ်ချင်းမစာမနာ..
အချုပ်အနှောင်ထဲ မှာထားပြီး လက်သပ်မွေးဖို့ကြိုးစားမိသေးတယ်...ငါမင်းကို လွတ်လပ်ခွင့်ပေးမယ်.. Juniper မင်းစိတ်ကြိုက်ရှင်သန်ပါ..ပုံမှန်ဘဝနဲ့ ရှင်သန်ခွင့်ရှိအုံးမလား
မသိပေမယ့်ပေါ့....
တူးဆွထားတဲ့ခြံထောင့်ကမြေကျင်းထဲ အပင်အမြစ်တွေမြုပ်နှံပြီး မြေပြန်ဖို့ခဲ့လိုက်သည်...
အိပ်ခန်းထဲပြန်ရောက်တော့ စားပွဲတင်နာရီလေးရဲ့
နာရီလက်တံတွေကညွှန်ပြနေတဲ့ အချိန်တစ်ခု...
အင်း Duty....ပျက်ကွက်ခဲ့တာတွေအတွက် ကိုယ့်အစားတာဝန်ယူပေးနေရသူတွေကို အားနာလှပြီမို့
ခြေထောက်ကချုပ်ရိုးတွေမဖြေရသေးခင် အလုပ်ပြန်လုပ်ဖို့ဆုံးဖြတ်ခဲ့သည်...ဒူးနာနေသေးပေမယ့် အသေးစား ခွဲစိတ်မှုတစ်ခုရဲ့ကြာချိန်လောက်ကိုတော့
ကောင်းကောင်းမတ်တပ်ရပ်နိုင်နေပြီမို့ Kyaungsoo တားနေတဲ့ကြားက
ညနေပိုင်းDutyတစ်ချိန် ယူ ထားခဲ့သည်..Dutyသွားဖို့အဆင်သင့်ဖြစ်ချိန်...ကိုင်နေကျ wallet လေးရဲ့ အတွင်းဘက်ဆီက frameသေးသေးလေးထဲမှာအမြဲထည့်ထားခဲ့တဲ့
ဓာတ်ပုံလေးကိုကြည့်ဖြစ်သည်...
သွားစွယ်လေးပေါ်တဲ့အထိ ရယ်နေတဲ့အလယ်တန်းကျောင်းသားအရွယ်
်ကောင်လေးတစ်ယောက်.......ဆေးရုံမှာရှိခဲ့တဲ့တစ်ချိန်လုံးဂရုတစိုက်ရှိခဲ့တာက
ိုတွေးမိတော့...ခေါင်းကိုအသာရမ်းမိသည်...
ကိုယ်ဟာအနာတရဖြစ်နေသူမို့ သနားသဖြင့်
ဂရုဏာတွေလား..."ငါမင်းအပေါ် ကို အရမ်းလောဘကြီးမိအောင် မလုပ်ပါနဲ့ hunnie..."
..........................
ဆုံးရှုံးသွားတဲ့မြေကွက်အစား နောက်ထပ်မြေကွက်တစ်ခုရှာတွေ့ပြန်တော့..