°°1°°

24K 1.2K 28
                                    

[Zawgyi]

အချိန်အားဖြင့်.. ကိုရီးယားစံတော်ချိန် ည ၁၁နာရီခွဲ.. လူခြေတိတ်တဲ့ ရပ်ကွက်လေးတခု..

Baek: Ommaaaaa...

ပတ်ဝန်းကျင်က အရာအားလုံး တိတ်ဆိတ်ပီး.. အိပ်မောကျနေချိန်.. ကောင်လေးတယောက်ရဲ့ ငိုသံ အော်ဟစ်သံများနဲ့.. တဖုန်းဖုန်းပြေးလွှားသံများကြောင့်.. တချို့များ.. လန့်တောင်နိုးကုန်ကြတယ်..

Baek: Omma!! Omma!!

နုံချာလွန်းတဲ့ အိမ်ငယ်လေးတခုရှေ့ကို ရောက်တယ်ဆိုရင်ပဲ.. Baekhyun အပြေးတပိုင်းဝင်သွားလိုက်တယ်..

Omma ဆီက အရမ်းမောနေတယ်ဆိုတဲ့ ဖုန်းကြောင့်.. Overtime ဆင်းနေရင်း.. တနာရီလောက် ကားစီးရတဲ့ ခရီးကို မနားတမ်းပြေးလာခဲ့ရတာကြောင့်.. အသက်တောင်မနည်းရှုနေရပေမယ့်.. Omma ကသာ အရေးကြီးသည်မို့.. အိမ်ထဲအနှံ့ အသည်းအသန်ရှာနေမိတယ်..

Mrs Byun: သား.. သားလေး..

လက်တဆုပ်စာတောင်မရှိတဲ့ အိမ်လေးထဲ.. ဘယ်လောက်မှပင်မရှာလိုက်ရ.. အမောဖောက်နေတဲ့.. Omma က.. အသံတိုးတိုးလေးနဲ့.. လှမ်းခေါ်တယ်..

Baek: Omma.. Omma.. ရရဲ့လား.. သားနဲ့ ဆေးရုံသွားမယ်.. Omma.. ထ..

Mrs Byun: ရ.. ရပါ..

Baek: Ommaaaaa...

ကိုယ့်အခြေအနေတွေကြောင့်.. ဆေးရုံသွားဖို့ကို ထုံးစံအတိုင်း တားနေပေမယ့်.. မငြင်းနိုင်တဲ့ ခန္ဓာကိုယ်ကြီးကတော့.. သတိလစ်သွားပြန်လေပီ..

Baekhyun တယောက်.. တရစပ်ကျလာတဲ့ မျက်ရည်တွေကို မသုတ်အား.. ခုချိန်ဆေးရုံရောက်ဖို့ကသာ.. အရေးကြီးဆုံးမို့.. သတိလစ်နေတဲ့ မိခင်ကို ကျောမာထမ်းပီး.. ဆေးရုံဆီပြေးရပြန်တယ်..

ကားငှါးဖို့လား.. အခု ကျွန်တော့လက်ထဲမာ.. ဝမ် ၁၀တောင်မရှိဘူး ဆိုရင် လိမ်ရာများ ကျနေလေမလား..

~~~~~~~~~~~~

Dr: လူနာက အခုချက်ချင်း ခွဲစိတ်ရပါမယ်.. နှလုံးက အလုပ်သေချာမလုပ်တော့ဘူး.. အသက်အန္တရာယ်ရှိပါတယ်.. လူနာရှင်ဘက်က ခွင့်ပြုပါသလား..

Baek: ခွဲ.. ခွဲစိတ်ခက.. ဘယ်..ဘယ်လောက်လောက် ကုန်မာလဲ.. Dr..

Dr: ဝမ် ၁၀သိန်း ပတ်ဝန်းကျင်ပါ..

°°Toy°°  [COMPLETED]  (Z+U)Where stories live. Discover now