Extra °1°

17.3K 1K 87
                                    

[Zawgyi]

Yeol: ငိုနေတာတောင် ဟင့်.. အရုပ်ကလေး ကျနေတာပဲ ဟင့်.. ချစ်စရာလေး.. အင့်..

Chanyeol တစ်ယောက် တအင့်အင့်ရှိုက်ပီး ငိုနေရင်းပင် အိမ်ထဲက ကောင်လေးကို လှမ်းကြည့်ရင်း သွားရည်ကျနေတယ်..

Kai မှာတော့ Chanyeol စကားကြောင့် အံ့သြပီး ကျောကို သပ်ပေးနေတဲ့ လက်က ရပ်တန့်သွားတယ်..

အိမ်မှာ နေခိုင်းသည်ကို မနေပဲ Baekhyun DO ဆီပဲသွားမှာ သိတယ်ဆိုပီး အတင်းထသွားလို့ ထိန်းမရပဲ လိုက်လာခဲ့ရတာ.. ဒီရောက်တော့ Baekhyun တို့ စကားတွေကြားပီး ငိုနေတာကြောင့် အတော်စိတ်မကောင်းဖြစ်နေရတာလေ..

အခုတော့ ဘယ်နှယ့် ငိုနေတဲ့သူကိုတောင် ဒင်းက လှမ်းကြောင်နေသေးတာ..

Kai: Chanyeol ပြန်ကြမယ် ဟေ့ကောင်..

Yeol: ဟင့်အင်း.. ငါ.. ငါဝင်တောင်းပန်မယ်လေ..

အရူးလိုပြာယာခတ်ပီး အိမ်ထဲဝင်ဖို့ ကြိုးစားနေတာကြောင့် Kai မရမကဆွဲပီး ကားပေါ်တင်နေရတယ်..

ဟုတ်သည်လေ.. အခုလို နှစ်ဖက်စလုံး သွေးပူနေတဲ့အချိန် ဝင်လိုက်ရင် အပြတ်ပြတ်တွေပဲ ဖြစ်ကုန်မှာပေါ့..

Kai: ငါ့စကားနားထောင်စမ်း.. Chanyeol.. သူဘာကို ဝမ်းနည်းနေလဲ မင်းသိနေပီပဲ.. သေချာစီစဉ်ပီး ရအောင်ပြန်ခေါ်လေ.. ခုလို အတင်းတွေ ဝင်လုံးရင် ဟိုက မုန်းသွားလိမ့်မယ်..

အတင်းရုန်းကန်နေတဲ့ Chanyeol တယောက် Kai ရဲ့ အော်သံအဆုံးမှာ ငြိမ်ကျသွားတယ်.. ဘယ်လိုပဲဖစ်ဖစ် Kai ပြောတာ မှန်နေသည်မဟုတ်ပါလား..

Kai: လာ.. မင်းရဲ့ ညစ်ပတ်နေတဲ့ပုံကို Baekhyun ကြိုက်မှာ မဟုတ်ဘူး.. ပြန်ရအောင်..

Chanyeol လည်း ခေါင်းညိမ့်ပြလိုက်ပီး သူ့ကလေးရှိမယ့်နေရာလေးကို တချက်ငေးကြည့်ပီးမှ ကားပေါ်တက်လိုက်တယ်..

Yeol: Kai.. သူငါ့ကို ပြန်လက်ခံလောက်လား..

ကားမောင်းနေတုန်း ဘေးက Chanyeol ရဲ့ ဆွေးဆွေးမြေ့မြေ့အသံကြောင့် လှည့်ကြည့်လိုက်တော့ မို့အစ်နေတဲ့ မျက်လုံးက မျက်ရည်တွေ ဝဲနေပြန်တယ်..

Kai: မင်းမကြားဘူးလား.. Baekhyun က မင်းကို ချစ်တယ်တဲ့လေ..

Yeol: အင်း.. ငါကြားတယ်..

°°Toy°°  [COMPLETED]  (Z+U)Where stories live. Discover now