°°4°°

15.8K 1K 15
                                    

[Zawgyi]

Yeol: Baek.. လိုချင်တာရှိသေးလား..

Baek: ဟင့်အင်း.. မလိုတော့ပါဘူး...

Park Chanyeol ဆိုတဲ့လူလေ.. Shopping ထွက်ဖို့လိုက်ခဲ့ပါဆိုပီး.. တကယ့်တကယ်ကျတော့.. ဝယ်နေသမျှ ကျွန်တော့အတွက်ချည်းသာ

Yeol: လိုအပ်တာရှိရင်ပြော.. ဘာမှအားမနာနဲ့နော်..

Baek: ဟုတ်..

တဖက်က အထုတ်တွေဆွဲ တဖက်က ကျွန်တော့လက်ကိုဆွဲကာ.. Center တခုလုံး နှံ့နေအောင် တဆိုင်ဝင် တဆိုင်ထွက် လုပ်နေသောသူနှင့်.. သူခေါ်သမျှ လိုက်နေရတဲ့ ကျွန်တော်တို့နှစ်ယောက်ကို ကြည့်နေကြတဲ့ သူတွေကလည်း မနည်း..

ကြည့်မာပေါ့.. ကျွန်တော်တို့က သဘာဝလွန်တွေဖစ်နေတာကို.. အဲ့ဒါတွေ မုန်းတာ.. ယောကျာ်းချင်း ကြိုက်နေတယ်ဆိုပီး.. မသတီသလိုလို ရွံသလိုလို ကြည့်ကြတာကို.. အရမ်းစိတ်ပျက်တာ..

ဒါပေမယ့်လည်း.. ခုလို မဖစ်မနေအခြေအနေမာ.. Club က လူတွေကြောင့် ဘဝပျက်ရမယ့်အစား.. သူ့အနားမာ နေတာက.. ပိုက်ဆံလည်း ပိုရ.. လူလည်းအဆင်ပြေတယ်ဆိုတော့လည်း.. လူ့အကြည့်လောက်တော့.. ကြိတ်မှိတ်နေလိုက်တယ်..

အရှေ့ကနေ မော့တော့မော့တော့နဲ့ သွားနေတဲ့သူကတော့.. ဘာမှမသိသူအလား.. ကျွန်တော့ကို တော်တော်ဂရုစိုက်ပါသည်.. ဘာတွေများ ဒီလောက်သဘောကျနေမှန်းမသိပေမယ့်.. အားနာစရာကောင်းလောက်အောင်ပင်.. အစစအရာရာ ထောက်ပံ့ပေးတယ်..

ယောကျာ်းလေးတယောက်ကို စိတ်မဝင်စားတတ်တဲ့ ကျွန်တော့အတွက်.. သူ့အပြုအမူတွေက ချစ်သူတယောက်လို ရင်မခုန်စေသော်ငြား.. သနားသလိုတော့ ရှိမိပါတယ်..

Yeol: ကလေး.. ဖိနပ်ကို သေချာစီးမလာဘူး..

ကိုယ့်အတွေးနဲ့ကိုယ်မို့.. သူစကားပြောတာတောင် သေချာမကြားလိုက်ခင်မာ.. ဖြစ်သွားတဲ့ မြင်ကွင်းတခုက.. ကိုယ့်မျက်လုံးတောင် ကိုယ်မယုံနိုင်..

ရုတ်တရက်.. ကျွန်တော့မျက်စိရှေ့မာ ဒူးထောက်ထိုင်ချလိုက်ပါသောသူ.. ကျွန်တော့မာ အံ့သြလွန်းလို့.. ခြေထောက်ကိုတောင် အနောက်ကို ရုတ်လိုက်မိတယ်..

°°Toy°°  [COMPLETED]  (Z+U)Onde histórias criam vida. Descubra agora