[Zawgyi]
ချစ်သောသူနဲ့ ဝေးကွာရသော ဒုက္ခ.. မချစ်နှဲစ်သက်တဲ့သူနဲ့ အတူနေရတဲ့ဒုက္ခ.. ဘယ်လောက်တောင်များ.. စိတ်ဆင်းရဲစေလိုက်သလဲ..
ကျွန်တော်လည်း အခု မချစ်မနှစ်သက်တဲ့သူရဲ့ လက်ထဲမှာ ဘဝဆုံးရတော့မှာမို့ ဘယ်လိုပြေးရမလဲ ကြံနေပေမယ့်.. မနက်ထဲက အခန်းဝကနေ ထိုင်စောင့်ပီး ပြင်ဆင်စေကာ အခုဆို မင်္ဂလာခန်းမကိုတောင် သွားနေရပီ..
မမြင်ချင်တဲ့ မျက်နှာပိုင်ဆိုင်ရှင်က ကြည်နူးသလိုလို ပီတိဖြာသလိုလိုရုပ်ပေါက်နေတာမို့ ကားမှန်ဘက်ပဲ မျက်နှာလှည့်နေလိုက်တယ်..
ဒီလူ့လက်က ဘယ်လိုပြေးရပါ့မလဲနော်..
Yeol: Baekhyun ဘာဖစ်နေတာလဲ..
သူ့လက်မာ ဘဝဆုံးရတော့မာမို့ အကြံအိုက်ပီး သက်ပြင်းချနေမိတော့ သူက သတိထားမိသွားသည်ထင်.. စီယာတိုင်ကို ညာဖက်ကကိုင်ပီး ကျန်တဲ့ဘယ်လက်နဲ့ သူ့ဘက်ကို ဆွဲလှည့်ပီး မေးလာတယ်..
အမှန်ဆို ခင်များလက်က ပြေးဖို့ တွေးနေတာလို့ စိတ်ရှိတိုင်း.. ဖြေလိုက်ချင်ပေမယ့် မတတ်သာတဲ့ အခြေအနေမို့ အသာလေးခေါင်းခါပြရင်း.. ကားမှန်ဘက် ပြန်လှည့်လိုက်တော့ သူ့ဆီက ဟက်ခနဲ ရယ်သံကို ကြားလိုက်ရတယ်..
Yeol: Ok Ok! စကားတောင်မပြောချင်ဘူးဆိုတာ သိတာမို့လို့ ဘာမှမပြောတော့ဘူး.. ဒါနဲ့ ထွက်ပြေးဖို့ မကြိုးစားနဲ့နော်.. အလကား မိတ်ကပ်ပျက်ပီး ပင်ပန်းနေမာဆိုးလို့..
ကျေနပ်နေပုံရတဲ့သူ့အသံက အမြင်ကတ်စရာ.. အင်းပေါ့လေ သူများသားသမီးကို မတရားယူရတော့မယ်ဆိုတော့ ပျော်နေမာပေါ့..
Baek: မုန်းလိုက်တာ..
တိုးတိုးလေး ပြောလိုက်တာပေမယ့် သူကြားလောက်ပါတယ်.. ဘာစကားမှ မတုန့်ပြန်ဘူးဆိုပေမယ့် သူ့ရဲ့အသက်ရှုသံပြင်းပြင်းကို ကြားနေရတယ်လေ..
Yeol: မင်းကို ချစ်တယ်.. Baekhyun..
နူးညံ့ခြင်း တစုံတရာရှိမနေတဲ့ သူ့ရဲ့ ချစ်စကားကြောင့် နှာခေါင်းရှုံ့လိုက်မိတယ်.. လူကို အရုပ်လို သဘောထားတာ သူ့အချစ်လား.. ဒီလိုမျိုး သူ့ဆီက မနူးမညံ့အချစ်ခံရဖို့ ထားရာနေစေရာသွား ဘဝ မဖစ်ချင်ပါ..
YOU ARE READING
°°Toy°° [COMPLETED] (Z+U)
RandomZawgyi တကယ်တော့ အချစ်ဆိုတာ အချိန်တိုင်း နူးညံ့လို့ ကောင်းတဲ့အရာ မဟုတ်ဘူး.... Chanbaek (Yaoi) Unicode တကယ်တော့ အချစ်ဆိုတာ အချိန်တိုင်း နူးညံ့လို့ ကောင်းတဲ့အရာ မဟုတ်ဘူး.... Chanbaek (Yaoi)