°°21°°

14.6K 898 31
                                    

[Zawgyi]

တသက်လုံး သပ်ရပ်နေအောင် ထားခဲ့တဲ့ ရေချိုးခန်း.. ဖြူဖွေးပီး.. အနံ့သင်းသင်းလေးနဲ့ စိတ်ကို ကြည်လင်သွားစေတဲ့ ကျွန်တော့ ရေချိုးခန်းလေး.. ဒင်းလေး အလိုကျ တရက်ကလေး ရေချိုးခိုင်းမိပါတယ်..

အခုတော့....

အနံ့ကလည်း နှာမချေရုံတမယ် မွှန်ထွန်လို့...
ကန်ထဲက ဆပ်ပြာရည်တွေ လျှံကျမှုကြောင့်.. ရေချိုးခန်းတခုလုံးလည်း ချောကျိနေတယ်.. ကန်ထဲလှမ်းကြည့်လိုက်တော့လည်း ဝင်ချိုးချင်စရာ တစက်ကလေးမရှိ..

ရေချိုးခန်း ပျက်ဆီးတာက ထားပါတော့.. အဲ့ဒါထက်.. အခု ကျွန်တော့အသဲက တဟင့်ဟင့် ဖစ်နေခြင်းပင်..

Yeol: Baek.. ဘာဖစ်တာလဲ..

Baek: ဟင့်~ အင့်~ ကျ..ကျတော်.. ဟင့်~

ပြန်ဖြေဖို့အရေး.. သူဖွထားတဲ့ ပတ်ဝန်းကျင်ကို ကြည့်ပီး ရှိုက်နေတယ်.. ဒီလိုပုံစံ အနေအထားအရ.. ကျွန်တော်ထင်တာမမှားဘူးဆိုရင်..

Yeol: ရေမချိုးတတ်ဘူးလား..

Baek: Yahh.. အင့်~ မချိုးတတ်တာမဟုတ်ဘူး.. ခ~ ခင်များပစ္စည်းတွေကို မသုံးတတ်တာ.. အင့်~

ရှိုက်ကလည်း ရှိုက်နေသေး.. ရန်ကလည်း တွေ့နေသေး.. ဘာပဲပြောပြော မချိုးတတ်တာက မချိုးတတ်တာပါပဲ.. ဒါနဲ့များ.. ကလေးစုတ်က.. သူ့ဘာသာ လုပ်တတ်တယ်လေး ဘာလေးနဲ့ hak..

သူ့ဘဝအခြေအနေကြောင့် ဒီပစ္စည်းတွေ မသုံးဖူးတာပဲဖစ်ဖစ်.. ကျွန်တော်မသင်ပေးမိတာကြောင့်ပဲဖစ်ဖစ်.. ကျွန်တော်ကတော့ ကျေနပ်တယ်.. နောက်ဆို သူ့ဘာသာရေချိုးပါရစေလို့ ပြောမာမဟုတ်တော့ဘူးလေ..

Ohhhh... ကောင်းလိုက်တာ..

Yeol: ဟုတ်ပါပီ.. ကဲ.. အခုတော့ ထပါဦး..

Baek: အ့~ ဖြေးဖြေး.. ကျွန်တော် ခါးနာသွားတယ်..

စိတ်ထဲ ပီတိဖြာသွားတော့ သူလေးကို မဆင်မခြင်ဆွဲပွေ့လိုက်မိတယ်.. အင်းလေ.. ဒီလောက် တစ်ဘိုင်းဘိုင်းလဲနေတာ ဒီခါးက မနာပဲနေတော့မလား...

Yeol: ကျစ်! အဲ့လို ထိခိုက်တာတွေ မကြိုက်တာ.. နောက်တခါဆိုရင်.. အဲ့ဒါထက် နှစ်ဆနာအောင်ထပ်လုပ်မယ်.. ဒီမှာ ငြိမ်ငြိမ်ထိုင်နေ..

°°Toy°°  [COMPLETED]  (Z+U)Donde viven las historias. Descúbrelo ahora