°°24°°

14.8K 903 21
                                    

[Zawgyi]

မသွားတာပဲ ကြာလို့လားမသိ.. Seoul မြို့ရဲ့ ညဈေးမှာ တိုးမပေါက်အောင် လူတွေများလွန်းတယ်..

ဟုတ်ပါသည်.. ကျွန်တော့ရဲ့ အနမ်းတခုနဲ့ လဲလှယ်ခဲ့တဲ့အကျိုးက ချက်ချင်းလိုက်ပို့မယ်ဆိုကာ ညဈေးကိုထွက်လာတာကြောင့်.. ခုလို သူ့လက်အကြီးကြီးထဲ မြုပ်နေတဲ့အထိ ဆုပ်ကိုင်ခံထားရပီး လူတိုးနေရတာပင်..

ပူထူလာတဲ့ ခံစားချက်ကြောင့် သူ့လက်ထဲက အနည်းငယ်ရုန်းထွက်လိုက်မိစဉ်..

Yeol: Baek.. ရုန်းမနေနဲ့ လူတွေများတယ်.. မင်းပျောက်သွားရင် ကိုယ်အရင်သေမှာ..

စိုးရိမ်ပူပန်နေတဲ့ သူ့ပုံစံကြောင့် နာနေတာတောင် ပြောမထွက်တော့.. ကိုင်ပါစေလေ ထားလိုက်ပါတော့..

Baek: အင်းပါ..

ကျွန်တော်မရုန်းတော့မှ သူပြုံးသွားပီး ကျန်တဲ့လက်တဖက်နဲ့ ကျွန်တော့ဆံပင်တွေကို ထိုးဖွလာတယ်.. အမှန်ဆို ဒီလိုပုံစံတွေ ကျွန်တော်တကယ်မကြိုက်ပါ.. ကျွန်တော်က Samnamja လေ..

ဒါပေမယ့် အလိုလို ပြုံးလိုက်မိတဲ့ ကိုယ့်ကိုကိုယ်တောင် မယုံနိုင်အောင် ဖစ်နေရတယ်.. ကျွန်တော်အပြုစားခံလိုက်ရတာများလား..

Yeol: ဟိုဘက်မှာ ငါးအူချောင်းကောင်းတယ်.. ပီးတော့ တော့ပိုကီရောပဲ.. ကိုယ်အစပ်မစားနိုင်ပေမယ့် Baek တော့ကြိုက်မှာ.. ပဲခေါက်ဆွဲလည်း အရသာရှိတယ်တဲ့.. စပါကတီရော အဲ့ဒါက ကိုယ်လုပ်ကျွေးလို့ရတယ်နော်.. ထမင်းလိပ်ရော ဘယ်လိုလဲ.. အဲ့ဒါထက် ပီးရင် ရေခဲမုန့်လည်း လိုက်ဝယ်ကျွေးမယ်.. Baek ကြိုက်တယ်မလား.. Hummm.. ဒီညရာသီဥတုသာယာတော့ နန်ဆန်တာဝါက အပြာရောင်လေးဖစ်နေမယ်ထင်တယ်.. သွားကြမလား..

သူများရည်းစားတွေလို ဘာစားမယ် ညာစားမယ်နဲ့ ဂျီကျနေရမယ့်အစား.. ကျွန်တော့ကို လိုက်ဝယ်ကျွေးဖို့ အစီအစဉ်တွေ ချနေတဲ့သူ့ကိုပဲ စိုက်ကြည့်နေမိတယ်..

သူကတော့ အရှေ့ကနေ ကျွန်တော့လက်ကို ကိုင်တာ လူတွေကိုလည်း ရှောင်တိမ်းရင်း ပါးစပ်ကလည်း ကျွန်တော့အတွက် ရည်ရွယ်ထားတာတွေ တရစပ်ပြောနေတယ်..

°°Toy°°  [COMPLETED]  (Z+U)Where stories live. Discover now