Extra °2°

16.8K 880 57
                                    

[Zawgyi]

Yeol: ပြီးပြီ!! အယ်.. Baek ရော..??

Baekhyun ကို အိမ်ပြန်ခေါ်လာပီးပီမို့ သူမရှိလို့ ရှုပ်ပွနေတဲ့ အခန်းကို အနည်းငယ် သန့်ရှင်းရေးလုပ်ပီးသည့်သကာလ ကလေးငယ်က ဘယ်ရောက်သွားပါလိမ့်..

ခုနကအထိ.. ဘေးနားမှာ မတ်တပ်ရပ်ခိုင်းထားတဲ့ဟာကို..

Yeol: Baek!! ကလေးရေ.. ကလေးလေး.. ဘယ်မှာလဲ!!

Baek: အရမ်းအော်မနေနဲ့ ကျွန်တော် အိမ်သာထဲမှာ!!

Baekhyun ရဲ့ အသံစာစာလေးကြားလိုက်ရမှ ယောက်ယက်ခတ်နေတဲ့ စိတ်က ငြိမ်ကျသွားတယ်..

သူရှိတယ်ဆိုတဲ့ အသိက မိမိကို ပြုံးနေစေကာ သူ့အတွက် လိုအပ်တာလေးတွေ လုပ်ပေးရဦးမည်..

Baek: Yeol ဘာတွေ လုပ်နေတာလဲ..

Yeol: ညစ်ပတ်နေတဲ့ ကလေးကို သန့်ရှင်းရေး လုပ်ပေးရမယ်လေ..

Baek: Arrr....

ရေချိုးဝတ်စုံတွေထုတ်ပီး တယောက်ထဲ ဟိုပြေးဒီပြေး ဖစ်နေတဲ့ Chanyeol ကို ကြည့်ပီး ပြုံးလိုက်မိတယ်..

သူကျွန်တော့ကို အရမ်းချစ်ရှာတာပဲ..

ဒါပေမယ့် စိတ်ထဲမှာ ရှိန်းတိန်းဖိန်းတိန်း ဖြစ်နေတာကတော့ သိပ်နေလို့မကောင်း..

Baek: ဟို.. Yeol..

Yeol: အင်း..??

Baek: ကျွန်တော့ဘာသာ လုပ်လိုက်မယ်လေ.. Yeol လည်း ကျွန်တော့ကြောင့်နဲ့ ပင်ပန်းနေရောပေါ့..

သူနဲ့အတူ ရေချိုးခန်းဝင်ဖို့က အနည်းငယ် ကြောက်သလို ခံစားနေရတာမို့ ကိုယ့်ဘာသာလုပ်ဖို့ ခွင့်တောင်းကြည့်လိုက်တယ်.. ဒါပေမယ့် ခွင့်ပြုစေချင်လို့တော့မဟုတ်.. ရှက်နေလို့ ပြောမိပြောရာ ပြောလိုက်ခြင်း..

သူကလည်း ကောင်းပါတယ်.. ဘာမှပြန်မပြောပဲ သူလုပ်စရာရှိတာပဲ လုပ်နေတယ်.. ဒီတော့လည်း သူ့သဘောပေါ့..

Yeol: Baek အတွက်ဆိုရင် ကိုယ်ဘယ်တော့မှ မပင်ပန်းဘူး.. ကိုယ့်ကို ခိုင်းချင်ရာခိုင်း သုံးချင်သလိုသုံးပါ.. တခုပဲ အနားမှာတော့နေပေး.. မင်းနဲ့ဝေးနေရတာထက် ကိုယ်သေသွားတာက ပိုကောင်းလိမ့်မယ်..

°°Toy°°  [COMPLETED]  (Z+U)Where stories live. Discover now