°°23°°

14.4K 916 38
                                    

[Zawgyi]

" Baby ah.. Saranghae.. "

အရပ်ရှည်ရှည်နဲ့ ကောင်လေးတယောက်က သူ့ရှေ့မာ ခေါင်းငုံ့နေတဲ့ ကလေးသာသာ ကောင်လေးရဲ့ ပုခုံးကို ကိုင်ပီး အနူးညံ့ဆုံးအသံလေးနဲ့ ပြောလိုက်တယ်..

" N.. Nardu.. "

ပုပုသေးသေး ကောင်လေးကလည်း ခောင်းမဖော်တမ်း ရှက်နေရာက မပွင့်တပွင့်လေး ပြန်ဖြေတယ်..

" Aigoooo... "

သူ့လူကြီးကတော့ သဘောတွေကျနေရင်း ကောင်လေးကို လူပုံအလယ်မှာ ညင်ညင်သာသာလေး ပွေ့ဖက်လိုက်တယ်.. ပတ်ဝန်းကျင်က လက်ခုတ်တီးသံတွေနဲ့အတူ.. သူတို့မျက်နှာမှာလည်း အပြုံးလေးတွေ ဝေဆာလို့..

Baek: အမလေး.. စိတ်ပျက်စရာကောင်းလိုက်တာ..

" တီ "

ဘာလုပ်ရမှန်းမသိလို့ အခွေခြင်းထဲက တခွေယူကြည့်လိုက်မိပါတယ်.. Yaoi အတွဲ propose လုပ်တဲ့ ဇာတ်လမ်းဖစ်နေတယ်..

မကြည့်ချင်တော့တာမို့ စာတန်းထိုးတာနဲ့ ချက်ချင်း ထုတ်ပစ်လိုက်တယ်..

Baek: ဟူး....

ကျွန်တော်လည်း အရင်ကလို ဂရုစိုက်ခံရရင် ဘယ်လောက်များကောင်းလိုက်မလဲ.. လက်တောင်ထပ်ထားပီးမှတော့ သူပြန်နူးညံ့သင့်ပီ ထင်တယ်..

ခုတော့ သူ့အလုပ်နဲ့အိမ်ပဲ ယောက်ယက်တွေခတ်ပီး ကျွန်တော့ဘဝက ယောကျာ်းရထားနဲ့မတူ TV ကြီးကို ယူထားရသလို ဖစ်နေပီ.. တနေ့တနေ့ TV ကြည့်ရလွန်းလို့လေ..

သူကလေ.. အနားမှာသာမရှိတာ.. တခြားသူတွေနဲ့ စကားပြောပြန်ရင်လည်းမကြိုက်.. အလုပ်သမားတွေနဲ့တောင် ခပ်ကင်းကင်းနေတဲ့..

သူ့စကားနားထောင်တာမဟုတ်ပေမယ့် သူထားသလိုနေပီး.. သူသဘောမကျတာကို မလုပ်တတ်တာ အကျင့်တခုလို ဖစ်နေတော့လည်း ခက်သားလား..

Baek: ဘာလုပ်နေလို့.. ခုထိမလာသေးတာလဲ..

အလုပ်က ပြန်လာပီး ကျွန်တော့ကို TV ဖွင့်ပေးထားရင်း ခဏဆိုပီး အောက်ဆင်းသွားတဲ့သူက.. ခုထိ ပြန်မတက်လာသေးဘူးလေ..

ဘာရယ်မဟုတ် အခန်းထဲက ထွက်ကာ သူ့ကိုလိုက်ရှာကြည့်မယ်လို့ စဉ်းစားပြီး မှန်ထကြည့်လိုက်တယ်.. သူနဲ့လက်ထပ်ပီး ဒီအိမ်မှာနေရတော့ Busan မှာတုန်းကလိုမနေခိုင်းတော့.. ဘောင်းဘီဝတ်ရပီလေ..

°°Toy°°  [COMPLETED]  (Z+U)Where stories live. Discover now