°°25°°

15.7K 937 59
                                    

[Zawgyi]

သနားလို့ အပြင်ခေါ်လာပေးတာကို လူကြားထဲ ကလန်ကဆန်လုပ်ပီး ရုန်းရင်းဆန်ခတ်ဖစ်နေပီမို့ Chanyeol တဖြေးဖြေး ဒေါသထွက်လာတော့တယ်..

Yeol: ရုန်းနေတာ ရပ်တော့..

အံကြိတ်သံနဲ့အတူ.. သူ့ကိုယ်လေးကို ခပ်ကြမ်းကြမ်းပွေ့ချီလိုက်တော့ မျက်စိလေး ကလယ်ကလယ်နဲ့ လည်ပင်းကို လှမ်းဖက်ပီး အသာလေးလိုက်လာတယ်..

Yeol: hak!

နိုင်တာလည်း မဟုတ်ပဲ သပ်သပ်အနာခံချင်တာ.. ကျွန်တော်ကိုယ့်အားကိုယ်သိတယ်.. အရုပ်ကလေးလို ငြိမ်ပီးလိုက်လာပေမယ့်.. သူတကိုယ်လုံးနာနေလိမ့်မယ်..

အစထဲက လိမ္မာရင် ဒီလိုတွေ မဖြစ်ဘူး..

ရပ်ထားတဲ့ ကားဆီ လမ်းလျှောက်နေတုန်း သူလေးကြည့်နေသလို ခံစားရတာမို့.. ငုံ့ကြည့်လိုက်တော့ ထင်သည့်အတိုင်း ကျွန်တော့ကို ပြုံးပီး မော့ကြည့်နေတဲ့သူ.. ကျွန်တော်စိတ်တိုနေတာကို သူက သဘောကျနေသည်လား..

မျက်မှောင်ကျုံ့ပီး ခပ်စူးစူးစိုက်ကြည့်ပေးလိုက်တော့မှ.. မနေတတ်စွာ ခေါင်းလေးငုံ့သွားတယ်..

ဒီကလေးထူးဆန်းတယ်.. ကျွန်တော်ပြုံးရယ်ပီး သူ့အလိုလိုက်နေရင် ကလန်ကဆန်တွေ လုပ်ပီး စိတ်ဆိုးဒေါသထွက်နေတဲ့အခာဆို ငေးကြည့်နေတတ်တာ..

ဘယ်လိုဟာလေးလဲမသိဘူး..

ညဈေးအကျော်မှာ ရပ်ထားတဲ့ကားဆီ ရောက်တော့ သူ့ကိုယ်လေးကို ကားထဲပစ်ထည့်လိုက်ပီး ခါးပတ်ကိုပါ ခပ်တင်းတင်းဆွဲပတ်လိုက်တယ်..

Baek: အ့.. ဘာဖစ်နေတာလဲ.. ဖြေးဖြေးလုပ်လေ..

ဒေါသထွက်ဟန်မပါပဲ.. ခပ်ပြုံးပြုံးလေး ပြောနေတဲ့သူ့ကြောင့် ကျွန်တော်ကပဲ ထပ်မံအံ့သြရပြန်တယ်..

Yeol: မင်းတကယ်ပဲ..

ပြွတ်~

ခါးပတ်ပတ်ပေးနေရင်း သူ့ရဲ့ face reaction ကြောင့် အံ့သြနေစဉ်မှာပဲ ရုတ်တရက်ကြီး လည်တိုင်ကို သူ့လက်သေးသေးတွေနဲ့ လှမ်းကိုင်ရင်း နှုတ်ခမ်းထက် ပြွတ်ခနဲနေအောင် စုပ်နမ်းသွားတာကြောင့် တကိုယ်လုံးက သွေးတွေ ပွက်ပွက်ဆူလာတော့တယ်..

°°Toy°°  [COMPLETED]  (Z+U)Where stories live. Discover now