°°9°°

15.5K 1K 21
                                    

[Zawgyi]

Baek: Kyung Soo ရေ.. ငါသွားပီ!!!

မနက်စောစော interview ဖြေရမယ်ဆိုတဲ့လူက.. ၉နာရီထိုးတာတောင် မနည်းနှိုးယူရတယ်လေ.. ခုလည်း အင်္ကျီက ကြယ်သီးတန်းလန်း.. ဘောင်းဘီက ခါးပတ်တန်းလန်း.. ကျောပိုးအိတ်ကို ဖစ်သလို တဖက်ထဲလွယ်ပီး.. ဖိနပ်ကို ထိုးကျိတ်စီးရင်း.. အလျင်စလို နှုတ်ဆက်သွားတယ်..

DO: Baek.. မနက်စာ...

Baek: မစားတော့ဘူး.. သွားပီ.....

စကားတောင်မဆုံး.. အော်ဟစ်ပြောပီး.. ပြေးသွားတယ်.. အမှန်တော့.. အခုမှ ကျွန်တော့သူငယ်ချင်းပြန်ရောက်လာတာပါ.. မနက်စောစောထ
ညဥ့်နက်မှအိပ်.. အစားနည်းနည်းပဲစားပီး ဆွေးမြေ့နေတာက သူ့စတိုင်မှမဟုတ်ဘူးလေ...

ဘယ်လိုပဲဖစ်ဖစ်.. ခုလို ပြာကလပ်စိန်လေးပြန်ဖစ်သွားတာကိုပဲ အဆိုးထဲက အကောင်းလို့ပြောရမယ်.. ဟိုတလောကတောင် ကျွန်တော့ကို အားနာလို့ အိမ်ပေါ်ကဆင်းမယ်လုပ်တော့ မနည်းဆွဲထားရသေးတယ်.. နောက်ဆုံးတော့ သူနဲ့အတူ လူပျိုကြီးလုပ်မယ်ဆိုတဲ့ ကတိပေးလိုက်ရတယ်လေ..

ဒါပေမယ့် သူမသိတာက.. ခုလောလောဆယ် သူထွက်မသွားအောင်ပဲ ဖစ်သလိုကတိပေးလိုက်တာဖစ်ပီး.. သူထင်သလို ကျွန်တော်က.. ကတိတည်နိုင်မာမဟုတ်တာပဲ..

ဘာလို့လဲဆိုတော့.. အရင်ကလို ကျွန်တော်က straight မဟုတ်တော့ဘူး.. Kai နဲ့ ချစ်နေကြပီး သူကလည်း လက်ထပ်မယ်လို့ပြောထားတယ်.. ကျွန်တော်ကလည်း.. လက်ခံထားတယ်လေ..

Baek: Omo! Interview ချိန်တော့ နောက်ကျပီ.. Arrr.. စိတ်ညစ်တယ်..

Baekhyun တယောက်ကတော့ နာရီကိုလည်း ငုံ့ကြည့်လိုက်ပီး.. ရှပ်အင်္ကျီအဖြူလေးကို ဘောင်းဘီထဲထိုးထည့်ရင်း.. ဗျာများနေတယ်.. ဖွာလန်ကျဲနေတဲ့ ဆံပင်တွေကိုလည်း သပ်ချရင်း Bus ကားမှတ်တိုင်ဆီ ပြေးနေတယ်..

" Hello! Boss ဟုတ်ကဲ့.. အခု အချိန်ကောင်းပါပဲ..ဟုတ်ကဲ့..ချက်ချင်း လုပ်ဆောင်လိုက်ပါ့မယ်"

Baekhyun တယောက်.. သူလာခဲ့သမျှ လမ်းတလျှောက်လုံး အနောက်က ကားတစ်စီးလိုက်လာတာကို မသိရှာ.. လမ်းချိုးတခုအရောက်မှာတော့.. သူ့ရှေ့ကို ကျော်တက်လာပီး.. ပိတ်ရပ်လိုက်တဲ့ အနက်ရောင်ကားတစ်စီး..

°°Toy°°  [COMPLETED]  (Z+U)Where stories live. Discover now