°°16°°

16.4K 891 30
                                    

[Zawgyi]

Baekhyun ဆိုတဲ့ ကလေးပေါက်စ.. ကျွန်တော့ကို စိတ်ဆိုးနေတယ်.. ပြန်လာထဲက စကားတစ်ခွန်းမှမပြောသလို အခန်းထဲကလည်း မထွက်ဘူး.. မုန့်ဝယ်လာတာလည်းမစားဘူး.. အင်းလေ.. သူ့ကို အခန်းထဲမှာ ပိတ်ထားခဲ့မိတာပဲ.. ဒီလောက်တော့ ဖစ်သင့်ပါတယ်..

အမှန်တော့.. ကျွန်တော်လည်း မလုပ်ချင်ပါဘူး.. ကိုယ်ချစ်တဲ့သူနဲ့ ခေါင်းမော့ရင်ကော့ပီး သွားလာချင်တာပေါ့.. ဒါပေမယ့် မဖစ်မနေကိစ္စက ရှိသေးတာကို.. ခုတော့ အားလုံးပြင်ဆင်ပီးပီမို့.. သူ့ကိုပြောဖို့ပဲ ကျန်တော့တယ်..

Yeol: Baek.. မနက်ဖန် ပြန်ကြရအောင်..

သူလှဲနေတဲ့ ကုတင်ပေါ် တက်ပီး ပုခုံးလေးကိုင်ရင်း ပြောလိုက်တော့ အိပ်ချင်ယောင်ဆောင်နေတဲ့ ကလေးက ချက်ချင်းထလာတယ်..

Baek: ပြန်မယ်.. တကယ်လား..

Yeol: အင်း.. မနက်ဖန်လေ..

သူက ကျွန်တော့ကို မယုံသလို စိုက်ကြည့်နေတော့ အသည်းယားလာတာမို့ ဖွာလန်ကျဲနေတဲ့ ဆံပင်လေးတွေကို ထပ်ပွစေလိုက်တယ်.. သူကတော့ ထုံးစံအတိုင်း ကျွန်တော့လက်ကို ရိုက်ချလိုက်တာပဲလေ..

Baek: ခင်များ.. တခုခုကြံစည်ထားတာလား..

Yeol: ဟင့်အင်း..

ကျွန်တော့စိတ်ကို မြင်နေသည့်အလား.. သူလေးကတော့ မှုန်ကုတ်ကုတ်ပင်.. မတတ်နိုင်ဘူး.. လိုချင်တာရဖို့ လိမ်ရမာပဲပေါ့..

Flash back start..,

ကျွန်တော်အိမ်က ထွက်လာတဲ့အကြောင်းကတော့.. Kai နဲ့ အရေးတကြီးတွေ့ဖို့.. ပီးတော့ ပြင်ဆင်စရာလေး တခုရှိလို့.. အဲ့ဒါက ဘာလဲဆိုတော့ ကျွန်တော်နဲ့ ချစ်ရတဲ့ ကလေးတို့ရဲ့ Wedding....

Kai: မင်းငါ့ကို လာတွေ့သေးတယ်နော်.. ဘယ်မှာလဲ.. Baekhyun..

Yeol: အိမ်မှာ ပင်ပန်းလို့ အိပ်နေတယ်..

ကျွန်တော့စကားကြောင့်.. Kai တယောက် မျက်လုံးပြူးသွားတယ်.. ပြူးပါစေလေ.. တမင်ပြူးအောင် ပြောလိုက်တာပဲဟာ..

Yeol: အမေးအမြန်းထူမနေနဲ့.. ငါစီစဉ်ခိုင်းထားတာ ဘယ်လိုလဲ..

Kai: သူက သဘောတူလို့လား.. တဖက်သတ်တွေ မလုပ်စမ်းပါနဲ့ကွာ..

°°Toy°°  [COMPLETED]  (Z+U)Where stories live. Discover now