°°5°°

16.4K 1K 18
                                    

[Zawgyi]

Baek: Immm~~~~~

Baekhyun ဘယ်ကနေ ဘယ်လိုအိပ်ပျော်သွားမှန်းမသိလိုက်.. မျက်လုံးပြန်ဖွင့်မိတော့.. သူ့ကို လက်တဖက်က ထိန်းထားကာ.. တဖက်က ဖုန်း
ပြောနေသောသူ.. Arr.. ကျွန်တော် ငိုနေရင်း အိပ်ပျော်သွားတာပဲ..

Baek: Yeol...

Yeol: Baek.. နိုးပီလား..

ကျွန်တော့ကို အပြုံးလေးတပွင့်နဲ့မေးလာတယ်.. ပတ်ဝန်းကျင်ကို ကြည့်မိတော့.. ခုထိ စမ်းသပ်ခန်းအပြင်မာပဲရှိသေးတယ်.. နေရောင်နဲ့လင်းထိန်နေတဲ့ ပတ်ဝန်းကျင်အစားသာ.. မီးရောင်တွေ ပြောင်းလဲသွားတာ..

မိုးတောင်ချုပ်သွားပီပေါ့.. ကျွန်တော်ဘယ်လောက်တောင် အိပ်ပျော်သွားတာလဲ.. သူ့လက်တွေမနာဘူးလားမသိ.. ပြုံးနေလိုက်တာ အမြင်ကတ်စရာ..

Yeol: ဒီနှုတ်ခမ်းက ဘာလို့ဆူထားရပြန်တာလဲ
အသည်းနှလုံးရဲ့.. တနေ့တနေ့အရမ်းအသည်းယားအောင်မလုပ်ပါနဲ့ကွာ..

Baek: ဟာ.. ဘာတေပြောနေတာလဲ.. ဖယ်တော့..

Yeol: Ahh!

Baekhyun က.. လက်မြန်စွာ တွန်းထုတ်လိုက်တာကြောင့်.. သူ့ခေါင်းကို အကြာကြီးထိန်းထားကိုင်ရတာမို့.. လက်ကျင်နေတဲ့ Chanyeol တယောက် အော်လိုက်မိခြင်း..

Baek: ဟယ်.. နာနေတာလား.. Tsk! ထထ..

Yeol: ရပါတယ်.. Omma ကို သွားကြည့်ရအောင်လေ.. ပီးရင် ပြန်ရအောင်.. ကိုယ်လိုက်ပို့မယ်..

ပြန်မယ်.. ကျွန်တော့မာ အိမ်မှမရှိတာ.. ဟုတ်တယ် ကျွန်တော့မာ အိမ်မရှိတော့ဘူး.. မရှိမဲ့ရှိမဲ့ ရက်ကွက်ထဲက အိမ်သေးသေးလေးကို မနည်းဝယ်ထားရတာ.. ဒါပေမယ့်.. Omma ကို ဆေးရုံတင်ရတဲ့နေ့မာပဲ.. ဖုန်းလှမ်းဆက်တယ်.. အကြွေးနဲ့သိမ်းလိုက်ပီတဲ့..

အခု ကျွန်တော် DO အိမ်မာ ကပ်နေတာလေ.. ဒာကို ကျွန်တော်ဘယ်လိုပြောပီး ခေါ်သွားရမာလဲ..

Baek: ရတယ်.. Yeol ပြန်တော့လေ.. ကျွန်တော့ဘာသာပဲ ပြန်လိုက်မယ်..

Yeol: ဒီအချိန်ကြီး စိတ်မချဘူး.. လိုက်ပို့မယ်..

Baek: ရပါတယ်ဆို.. ကျွန်တော် Club သွားရဦးမာ..

ဟုတ်သည်လေ.. သော့က DO ဆီမာကို သူ့ကို Club မာ သွားခေါ်ပီးမှ ပြန်လို့ရမာပေါ့.. ပုံမှန်ဆို နှစ်ယောက်လုံး အတူပြန်နေကြပေမယ့်.. ဒီနေ့က.. Yeol နဲ့ Shopping သွားလိုက်တာမို့.. ခု Omma ကို ကြည့်ပီးမှပဲ.. Club ကို သွားရမာ..

°°Toy°°  [COMPLETED]  (Z+U)Onde histórias criam vida. Descubra agora