°°18°°

15.7K 938 54
                                    

[Zawgyi]

ကျေးဇူးတင်ပါတယ်တဲ့ တခုခုတော့ရှိတယ်.. ဒီစကားရဲ့ အဓိပ္ပာယ်က ဘာလဲ.. သူမျှော်လင့်ထားသလို ဖစ်လာလို့ ကျေနပ်နေတာ အသိသာကြီးပဲ..

ကျွန်တော်မုန်းတဲ့လူတယောက်ကို ပျော်အောင် လုပ်ပေးလိုက်မိပီလား..

Yeol: အိမ်ရောက်ပီ..

ပြောပြောဆိုဆို ကားပတ်တွေဘာတွေဖြုတ်ပီး သွက်သွက်လက်လက် ဆင်းသွားတဲ့သူ.. ဘာမှပြောချင်စိတ်မရှိတာမို့ အေးအေးလူလူပဲ ဖြေးဖြေးချင်း ခါးပတ်ကို ဖြုတ်နေမိစဉ်..

Yeol: ချီသွားမယ်.. လာ..

Baek: မလိုပါ.. အင့်..

ဒီလူ ဒီလောက်ကြမ်းတမ်းလာတာ ယုံနိုင်စရာမရှိ.. ကားထဲက ဆတ်ခနဲ ဆွဲထုတ်ပီး ပွေ့ချလိုက်တာများ လည်ပင်းကို မနည်းလှမ်းဖက်လိုက်လို့ တော်သေးတယ်..

Baek: ခင်များဟာလေ.. ဘယ်တော့မှ နူးညံ့မယ်မရှိဘူး..

သူကတော့ ပြောနေတယ်တောင် ထင်ရဲ့လားမသိ.. မိန့်မိန့်ကြီး ပြုံးနေလိုက်တာ..

မုန်းစရာကြီးပါဆို..

Yeol: ဟာ.. မင်းတို့ရောက်နေတာလား..

သတို့သားနှစ်ယောက်.. တယောက်က ဆူပုတ်ပီး တယောက်က ပြုံးရွှင်ကာ အိမ်ထဲဝင်လာတုန်း ဧည့်ခန်းထဲက အဖြူအမည်းအတွဲကို တွေ့လိုက်ရတော့ Chanyeol လည်း သူပွေ့ထားတဲ့ ကလေးကို အမြန်အောက်ချလိုက်ရတယ်..

Baek: Kyung Soo.. မင်းအသက်ရှိသေးတာပဲ..

Baekhyun ကတော့ Kyung Soo ကို တွေ့တာနဲ့ ပီးခဲ့သမျှ အတိတ်တွေ အကုန်သတိရပီး ရန်လုပ်တော့တယ်.. Kyung Soo မှာလည်း ပြောစရာတွေ ရှိပုံပေါ်တာမို့ Kai ကပဲ အလိုက်တသိ Chanyeol ကို ထခေါ်တယ်..

Kai: Chanyeol လာ.. တခုခုသွားစီစဉ်ရအောင်..

Yeol: ငာ Baek ကို စိတ်မချဘူး.. ပီးမှ အတူသွားမယ်..

Kai: ဟာ.. မင်းကလည်း.. သူတို့ လွတ်လွတ်လပ်လပ်စကားပြောပါစေကွာ.. လာပါ..

Kai က အတင်းဆွဲနေတာမို့ Chanyeol ကပ်တပ်တပ်နဲ့ ပါသွားတော့မှ Kyung Soo တယောက် Baekhyun ဆီ အပြေးလာပီး.. Sofa ပေါ် ထိုင်လိုက်တယ်..

DO: ငါ့ကို စိတ်မဆိုးပါနဲ့.. Baekhyun ရယ်.. တစ်ဦးတည်းသော သူငယ်ချင်းဖစ်တဲ့ မင်းပျောက်သွားတာကို ငါမရှာပဲ နေပါ့မလား..

°°Toy°°  [COMPLETED]  (Z+U)Where stories live. Discover now