°°31°°

13.3K 871 51
                                    

[Zawgyi]

Kai: Chanyeol ah.. ငါပြောတာနားထောင်..

စာကြည့်ခန်းထဲရောက်တော့ Kai က Chanyeol ပုခုံးကို ဖက်လိုက်ကာ စည်းရုံးရေးဆင်းဖို့ ကြိုးစားတော့တယ်.. ဒါပေမယ့် Chanyeol က Kai လက်ကို ဖယ်ချလိုက်ပီး Sofa ပေါ်မှာ ထိုင်ချလိုက်တယ်..

Yeol: တော်ပီ Kai.. မင်းပြောသမျှအားလုံး တလွဲတွေချည်းပဲ..

ရော့ရဲရဲကြီး ထိုင်ကာ သုန်မှုန်နေတဲ့ မျက်နှာကြီးနဲ့ အပြစ်တင်စကားပြောနေတဲ့ Chanyeol..

Kai ကလည်း အားကျမခံ Chanyeol အရှေ့မှာ မတ်တပ်သွားရပ်တော့ Kai က တံခါးဘက်ကို မျက်နှာမူလျက်သားဖစ်ပီး Chanyeol က ထိုင်ခုံမှာ ထိုင်ပီး ကျောပေးလျက်သား အခြေအနေပေါ့...

Kai: ဘာတစ်လွဲလဲ ငါပြောတာအကောင်း မင်းသာပေါက်ကရတွေ လုပ်နေတာ.. Baekhyun ကို အာ့လောက်ကြီးလည်း မချုပ်ချယ်ပါနဲ့ကွာ.. သူလည်း လွတ်လွတ်လပ်လပ်လေး နေချင်မှာပေါ့..

Yeol: ငါသူ့ကို ဆုံးရှုံးရမှာ အရမ်းကြောက်တယ်..

Kai: ဟျောင့်.. မင်းတို့လက်ထပ်ပီးပီလေ..

Yeol: ဒါမယ့် ငါကြောက်နေတုန်းပဲ.. ဟူး...

Chanyeol သက်ပြင်းမောကြီးချရင်း မျက်စိမှိတ်ကာ မချိတင်ကဲ ရေရွတ်နေတယ်.. သူ့သူငယ်ချင်းတယောက် ဒီလောက်ကြီး ချစ်တတ်သွားမယ်လို့ မထင်မိတာကြောင့် Kai ခမျာ အံ့သြလွန်းလို့ ပါးစပ်ဟကာ မျက်လုံးပြူးနေရတယ်..

Kai: ဘယ်လိုဖြစ်လို့ ဒီလောက်ကြီး ဖြစ်ပျက်နေရတာလဲဟ.. ငါစိတ်ညစ်လာပီ.. Baekhyun က မင်းကို လုံးဝ မချစ်ဘူးလား..

Yeol: မဟုတ်ဘူး.. သူက ချစ်တယ်လို့ပြောတယ်.. ဒါပေမယ့် ငါမယုံရဲဘူး ဖြစ်နေတာ.. သူလိမ်နေတာဆိုရင် ဘယ်လိုလုပ်မလဲ.. ထွက်ပြေးဖို့ ဥာဏ်ဆင်နေတာဆိုရင်ရော.. ငါ့ကို လိမ်ပီး တခုခုလုပ်ဖို့..

Kai: တော်ပါတော့ကွာ..

သူခံစားရသမျှကို အားရပါးရ ရင်ဖွင့်နေတဲ့ Chanyeol.. တံခါးဘက်ကို ကျောပေးလျက်သားမို့.. သူတို့ကို ရပ်ကြည့်နေတဲ့ ပုံရိပ်လေးတခုကို မတွေ့ရှာ..

မျက်နှာချင်းဆိုင် မြင်နေရတဲ့ Kai မှာတော့ ထုတ်ပြောလို့လည်း မကောင်းတာမို့ Chanyeol ကို ဆက်မပြောဖို့ ပုခုံးကို လှမ်းကိုင်ပီး တားနေပေမယ့် ဟိုကောင်ကမရ..

°°Toy°°  [COMPLETED]  (Z+U)Where stories live. Discover now