°°32°° ( Final )

16.9K 981 120
                                    

[Zawgyi]

" Hyung ကျွန်တော့ကို သီချင်းဆိုပြမလား.. "

" ဒါပေါ့.. အသံက နည်းနည်းတော့ ဆိုးတယ်နော်.. ဟီး.. "

DO တယောက် အိမ်ထဲ ဝင်လုဆဲဆဲတွင် ကြားလိုက်ရတဲ့ အသံစာစာတွေကြောင့် ဆက်မဝင်ပဲ နားထောင်နေမိတယ်.. တယောက်က Ommaအသံ တယောက်က ညီလေးအသံ ကျန်တဲ့အသံတခုကတော့ စဉ်းစားစရာကို မလိုတော့..

DO: သေချာပေါက်ပဲ..

လုံးဝကို လွဲမှားနိုင်စရာမရှိတဲ့ Byun Baekhyun ရဲ့အသံ.. ဒင်းက ဒီမှာ အေးဆေးလာနှပ်နေတယ်ပေါ့.. ရှာနေတဲ့သူတွေကို အားမနာပဲနဲ့လေ..

မင်းတော့သေပီ Baekhyun..😠😠

DO: Yah.. Baekhyun!!!

Baek: Omma!

ဒေါသထွက်ထွက်နဲ့ Baekhyun ကို အော်ခေါ်ပီး အိမ်ထဲဝင်မိတော့ မျောက်လောင်းလေးက လိုတာထက်ပိုလန့်ပြကာ Omma နားပြေးကပ်သွားတယ်..

" ဟဲ့!!ဖြေးဖြေးခေါ်ပါလား..ငါ့သားလန့်သွားပီ.."

" ဟုတ်ပါ့.. Hyung တို့ကလည်း.. "

တစ်ခါမှလည်း မိတ်မဆက်ပေး.. လူချင်းလည်း မတွေ့ပေးဖူးပါလျက်နဲ့ Baekhyun ကို သည်းသည်းမဲမဲ ချစ်ပြနေတဲ့ အံ့သြစရာ သားအမိ..

DO: Omma သူ့ကိုသိလို့လား..

" သိတာပေါ့.. Baekhyun လေ.. မမှတ်မိတော့ဘူးလား.. "

DO: မဟုတ်ဘူးလေ.. သားမိတ်မှမဆက်ပေးရသေးတာ..

" မလိုပါဘူး.. သား Baekhyun အကြောင်း ခဏခဏပြောပြနေတာပဲဟာ..Omma ကို သူ့ကိုသူ Baekhyun ပါလို့ မိတ်ဆက်ထဲက သဘောပေါက်တယ်.. ဒီကလေးက လူလိမ်ရုပ်လည်း မဟုတ်တာကို.. "

သူ့အကြောင်းပြချက်နဲ့သူ ခိုင်လုံနေတဲ့ Omma.. ထပ်လည်းမပြောချင်တော့ ခုံမှာပဲ ဆောင့်အောင့်ပီး ဝင်ထိုင်လိုက်တယ်..

မတော်တဆ ကြည့်မိတော့ စပ်ဖြဲဖြဲရုပ်နဲ့ ရယ်ပြနေတဲ့ မေတ္တာတုံးလေးကို တွေ့ရသေးတယ်.. ဒင်းလေး တော်တော်ငိုထားတဲ့ပုံပင် မျက်လုံးလေးတွေ အစ်မို့နေပီး.. နှာခေါင်းထိပ်လေးတွေကို ရဲလို့..

Ashi.. ဘယ်လိုရုပ်နဲ့ သူငယ်ချင်းလဲ.. 😟😟

" ကဲ သားတို့စကားပြောကြ.. သားငယ်လာ အပေါ်သွားရအောင်.. "

°°Toy°°  [COMPLETED]  (Z+U)Opowieści tętniące życiem. Odkryj je teraz