°°22°°

15.3K 937 31
                                    

[Zawgyi]

တစ်ခါတစ်လေ တွေးမိတယ်...

ကျွန်တော်ဆိုတာ.. သူပေးတဲ့ ဒဏ်ရာတွေနဲ့ ရှင်သန်ဖို့ မွေးဖွားလာခဲ့လေသလားလို့...

အမြဲတမ်းလိုလို နူးညံ့မှုဆိုတာ ပျောက်ဆုံးနေပီး.. သူပြုသမျှ နုနေရတယ်.. စိတ်တိုတာထက် ဝမ်းနည်းတာ.. ဝမ်းနည်းတာထက် အာ့လောက်ကြမ်းတမ်းနေတဲ့ သူ့ကို တစ်စစီ ဆွဲဆုတ်ပစ်ချင်တာ..

ယခုလည်း.. သူ့ဘာသာ အခန်းထဲက ထွက်သွားတာကို မနေနိုင်မထိုင်နိုင် လိုက်ကြည့်မိတော့ တွေ့လိုက်ရသည်က စာကြည့်ခန်းထဲ အလုပ်ရှုတ်နေတဲ့သူ..

ကျွန်တော့ကို တချက်ဂရုမစိုက်ပဲ သူ့အလုပ်သူလုပ်နေတာလေ.. နေမကောင်းတဲ့သူထက် သူ့အလုပ်က ပိုအရေးပါနေရင် ဘာလို့အတင်းယူနေခဲ့သေးလဲ..

အခုတော့ ဘဝက ရှင်ရက်နဲ့ သေနေသလိုပဲ..

Chanyeol.. ခင်များကို မုန်းလိုက်တာ..

Baek: ဟင်း....

" Baekhyun လေး.. ဘာလိုချင်လို့လဲ.. "

Baek: ဟင်?

စာကြည့်ခန်းရှေ့မာ ရပ်ပီး သူ့ကိုကြည့်နေမိတော့ ဘေးကို Arjima ရောက်နေတာတောင် သတိမထားလိုက်မိ..

Arjima ဆိုတာ အလုပ်သမား ခေါင်းဆောင်ပော့ ဒီအိမ်မာ အလုပ်သမားတော်တော်များများရှိတာ တွေ့တယ်.. ဒါပေမယ့် သူတို့ကိုတော့ သေချာမသိဘူး.. ကျွန်တော့ဘဝက မိုးလင်းလည်းသူ မိုးချုပ်လည်းသူနဲ့ပဲလေ.. Arjima တောင် ခဏခဏတွေ့နေလို့ သိတာ..

မဖစ်သေးပါဘူး.. ဒီအိမ်အကြောင်းလေးတော့ သိအောင်လုပ်ဦးမှပါ..

Baek: ကျွန်တော်ဘာမှမလိုပါဘူး.. Gomawor Arjima..

" ဟုတ်ကဲ့.. Baekhyun လေး လိုအပ်တာရှိရင် ချက်ချင်းပြောနော်.. "

Arjimaက အခုထိ သခင်တယောက်လို ရိုရိုသေသေဆက်ဆံနေတုန်းပဲ.. ကိုယ့်အမေအရွယ်လောက်က ခေါင်းတေငုံ့ အရိုအသေပေးနေတာတွေ တကယ်သဘောမကျပါ.. နာမည်ကိုတောင် သခင်လေးဆိုပီး ခေါ်နေလို့ Baekhyun လို့ပဲ ခေါ်ဖို့ကို အာပေါက်မတတ်ပြောခဲ့ရတာ..

အဲ့လိုဖစ်နေကြတာ Chanyeol ကြောင့်များလား..

Baek: Arjima..

°°Toy°°  [COMPLETED]  (Z+U)Where stories live. Discover now