°°30°°

14.4K 889 58
                                    

[Zawgyi]

သူ ကျွန်တော့ကို ဒီလောက်တောင် တန်ဖိုးမထားဘူးလား..

ကျွန်တော်နာကျင်နေတာကို မှတ်တမ်းယူပီး ပျော်ရွှင်နေခဲ့တာလား..

ကျွန်တော့မှာတော့ သူ့ကို ချစ်လိုက်ရတာ..

သူကတော့.....

Baek: Tsk! ခင်များက တကယ်မုန်းချင်စရာပဲ Chanyeol shi..

Video ထဲက ကိုယ့်ကိုကိုယ် သနားမိပြန်တော့ အိပ်နေတဲ့ ဟိုလူကြီးကို သတ်ချင်စိတ်က ဖြစ်လာတယ်..

ဒါပေမယ့်လည်း ထူးဆန်းလှတဲ့ ခံစားချက်က စိတ်ဆိုးရုံအပြင် ပိုမလာတာမို့ မိမိကိုယ်ကိုပဲ ဒေါသထွက်ရုံမှတပါး မရှိ...

Baek: ဟူး...

Laptop ကို ပိတ်ပီး မီးပါမှိတ်ကာ သူအိပ်စက်နေတဲ့ အခန်းဆီ ခပ်မြန်မြန်ပြန်သွားလိုက်တယ်.. တချိန်က စိတ်နဲ့ဆိုရင် ရှိသမျှရိုက်ခွဲပီး သောင်းကျန်းမိမှာပေမယ့် အခုတော့ စိတ်ထဲ စိုးမိုးနေတဲ့ ရုပ်ကြီးကြောင့် အပြစ်လည်း တင်မနေချင်တော့..

လုပ်ချင်သလိုသာ လုပ်ပါစေတော့လေ..

အခန်းထဲတွင်တော့ ခွခေါင်းအုံးကို ကျွန်တော်အမှတ်နဲ့ ပက်ပက်စက်စက် ဖက်အိပ်နေတဲ့ Super tall ကြီးကို တွေ့လိုက်ရတယ်..

Baek: Yahh.. အဲ့ဒါ ကျွန်တော်မဟုတ်ဘူး ခွခေါင်းအုံးကြီးလေ..

ကျွန်တော်ရှိနေပါရက်နဲ့ ခွခေါင်းအုံးနဲ့သာယာနေတဲ့သူ..

မုန်းချင်လိုက်တာ...

အမြင်ကတ်စရာ စနိုက်ကြော် ခွခေါင်းအုံးကို အားနဲ့ဆွဲထုတ်ပီး အခန်းထောင့်တနေရာကို လွှင့်ပစ်လိုက်တယ်..

Baek: ဒီမှာ ဖက်စမ်းပါ.. ခင်များကြီးရဲ့..

လွတ်လပ်သွားတဲ့ သူ့ရင်ခွင်ထဲ ပြေးဝင်ကာ သူ့လက်တွေရော ခြေထောက်တွေပါ ကျွန်တော့ကိုယ်ပော် တင်စေပီး အသက်ရှုကြပ်တဲ့အထိ ကပ်နေပစ်လိုက်တယ်..

Baek: ခင်များအနားမှာ ကျွန်တော်ကလွဲပီး ဘယ်သူမှ မနေစေနဲ့ Yeol.. ကျွန်တော်က ခင်များအပိုင်ဖစ်သလို ခင်များကလည်း ကျွန်တော့အပိုင်ပဲ..

°°Toy°°  [COMPLETED]  (Z+U)Tahanan ng mga kuwento. Tumuklas ngayon