°°29°°

15.3K 861 70
                                    

[Zawgyi]

Baek: ဟိုးရှေးရှေးတုန်းကတဲ့..

Yeol: ဘာကို ဟိုးရှေးရှေးလဲ.. တော်ပီ အိပ်တော့..

ကုတင်ထက်က ကောင်လေးနှစ်ယောက်.. Chanyeolခမျာ ကုမ္ပဏီက အလုပ်တွေလည်း အသည်းအသန်လုပ်ရ သူ့ကလေးကိုလည်း စိတ်မချရနဲ့မို့ အိပ်ရေးပျက်ပေါင်းများနေကာ အရမ်းအိပ်ချင်နေလေပီ..

ဒာပေမယ့် Baekhyun ကို မရမက အရင်သိပ်နေတာက သူလေး ထွက်သွားမှာဆိုးတာကြောင့်.. သို့ပေသည့် ထိုကလေးပေါက်စက Chanyeol ကို ပုံပြင်ပြောပြမယ် တကဲကဲ..

Baek: Yeol အိပ်လေ.. ကျွန်တော်ပုံပြောသိပ်မလို့..

တနေကုန်လည်း အနားကပ်နေကာ အလုပ်လုပ်တာတောင် စိတ်မဖြောင့်ရှာတဲ့ ဒီလူကြီးကို သနားလွန်းလှတယ်.. အခုလည်း မိမိကို ဖက်ထားတာတောင် စိတ်ချလက်ချမအိပ်နိုင်တဲ့အဖြစ်..

Yeol: ဟင့်အင်း.. ကိုယ်ကလေးမဟုတ်ဘူး.. မင်းသာအိပ်စမ်းပါ..

Baek: မအိပ်ချင်ဘူးဆိုနေ..

သူ့လက်မောင်းပေါ် ခေါင်းအုံးထားရင်းက အနည်းငယ်လှုပ်ရွပီး စိတ်ဆိုးဟန်ပြလိုက်တယ်.. အချိန်ကိုလည်း ကြည့်ဦးလေ ၇နာရီပဲရှိသေးတာကို အတင်းကြီး အိပ်ခိုင်းနေတာ..

Yeol: Arrasor! အိပ်ချင်အောင် လုပ်ပေးမယ်..

ပြောပြောဆိုဆိုနဲ့ ဘောင်းဘီဇစ်ကို အလျင်အမြန်လာထကိုင်တဲ့သူ့ကြောင့် လန့်သွားရာက အမြန်တားလိုက်ရတယ်..

Baek: ဘာလုပ်တာလဲ..??

Yeol: အိပ်ချင်အောင် လုပ်ပေးမယ်လေ.. မှိန်းပီး နုန်းသွားရင် အလိုလိုအိပ်ပျော်သွားလိမ့်မယ်..

အတင်းကုန်းထပီး ကျွန်တော့ကို တခုခုလုပ်ဖို့ ပြင်နေတဲ့သူ.. မျက်ကွင်းလေးတွေကို ညိုလို့..

Baek: မလုပ်ပါနဲ့ Yeol ရာ.. လာစမ်းပါ..

သူပင်ပန်းနေတာ အရမ်းသိသာလွန်းတယ်.. အခုလည်း သူအိပ်ချင်လို့ ကျွန်တော့ကို အတင်းသိပ်နေတာ သိတာပေါ့.. ဒါပေမယ့် ဒီလိုသာ နေ့တိုင်းဆိုရင် သူရောကျွန်တော်ရောအတွက်ပါ မကောင်းတော့ဘူးလေ..

ခုလိုဖြစ်နေတာလည်း အဓိက တရားခံက ကျွန်တော်ပဲမလား.. ကျွန်တော် မနေနိုင် မထိုင်နိုင် သွားကလိလိုက်တာကြောင့်လေ.. ခက်တာက သူယုံအောင် ဘယ်လိုလုပ်ရမလဲကို မသိတော့တာ..

°°Toy°°  [COMPLETED]  (Z+U)Where stories live. Discover now