°°14°°

17.2K 945 23
                                    

[Zawgyi]

ကျွန်တော့ဘဝကို တကယ်နားမလည်တော့.. ဘာဖစ်လို့ ဒီလောက်ထိ ဆိုးဝါးနေရတာပီး.. ဒီလို အကြင်နာတရားမရှိတဲ့လူဆီမာ သူပြုသမျှနုနေရတာလဲ..

ဟိုတလောက.. နူးညံ့ဖို့ မမျှော်လင့်နဲ့လို့ ပြောပီးနောက်ပိုင်း.. သူပြောသလို ကျွန်တော်က တကယ့်ကို အရုပ်တစ်ရုပ်လိုပါပဲ.. လူဖစ်နေပါရက်နဲ့ ကိုယ့်ဘဝကိုတောင် မပိုင်တော့ဘူး..

အခုဆို ရေချိုးချိန် ထမင်းစားချိန် အားလုံးကို ကြောက်နေရတယ်.. အစစအရာရာ အကုန်လုံးလိုက်လုပ်ပေးနေတာမို့လို့လေ.. သူတော့မသိပေမယ့် ကျွန်တော်ကတော့ အော်အော်ပီးသာ ထွက်ပြေးသွားချင်တော့တယ်..

Yeol: Baekhyun ထတော့..

ကြည့်ပါလား.. အမြဲတမ်းအာ့လိုပဲ သူများတကာ အိပ်ချင်လားမအိပ်ချင်လားမမေးဘူး.. ညဆို အတင်းအိပ်ရာပေါ်ချ စောင်ခြုံပီးအိပ်ခိုင်းတယ် မနက်ဆိုလည်း ထချင်မထချင်မသိဘူး.. သူထဆိုတဲ့အချိန် ထရတယ်..

Baek: ကျွန်တော် မထချင်..

စကားတောင်မဆုံး စောင်တွေလာခေါက်သိမ်းနေပီ.. မထပါဘူးဆိုတာကို နားမလည်ဘူးလားမသိဘူး.. တကယ်ပဲ ငိုချင်လာပီ..

Yeol: မနက်၆နာရီထိုးပီ.. ဒါထရမယ့်အချိန်ပဲ.. ညက ၁၀နာရီ အိပ်တာလေ..

Baek: လူကို အာ့လိုလုပ်လို့ရမလား ညက ၁၀နာရီ တန်းအိပ်ပျော်တာမှမဟုတ်တာ.. ဘာလို့အာ့လို.. အွန်း..

Yeol: အရမ်းစကားများတယ်..

အာ့လိုပါပဲ.. သူပြောတာကို နားမထောင်ပဲ အထွန့်တက်ရင် မရရတာနဲ့ အနိုင်ပိုင်းတယ်.. တခါတလေဆို ခန္ဓာကိုယ်အထိပါ..

Yeol: ခဏနေရင် ကိုယ်အပြင်သွားမယ်.. အိမ်မာ ကောင်းကောင်းနေ စိတ်ချမယ်..

မနက်ခင်းရဲ့ သန့်ရှင်းရေးကို လုပ်ပေးနေရင်းက.. ပြောနေတဲ့သူ.. အမြင်ကတ်တာမို့.. မကြားချင်ယောင်ဆောင်ပီး မျက်လုံးမှိတ်ထားလိုက်တယ်..

အမှန်ဆို စိတ်ဆိုးအောင် တမင်လျစ်လျူရှုလိုက်တာပေမယ့်.. တော်တော်ကြာတဲ့အထိ.. သူ့ဆီက ဘာသံမှ မကြားရတာမို့.. မျက်လုံးလေး ဖွင့်ကြည့်
လိုက်တော့.. ကျွန်တော့ကို ပြုံးရင်းစိုက်ကြည့်နေတယ်..

°°Toy°°  [COMPLETED]  (Z+U)Where stories live. Discover now