"Oh Sehun!!!....မင်းအခု ငါ့ရှေ့ကိုလာခဲ့စမ်း! "
အိမ်ထဲသို့ဝင်ဝင်ချင်း Appa ၏ ဒေါသတကြီးအော်ခေါ်သံ...
အိမ်အပေါ်ထပ် လှေကားဆီလှမ်းရန်ပြင်နေသော
သူ့ ခြေလှမ်းတွေကို ဘေးတစ်ဖက်က ဧည့်ခန်းဆီပြန်လှည့်လိုက်သည်။ကားသော့ကို လက်ညှိုးထိပ်မှာ စွပ်ပြီးအဝိုင်းလိုက်လှည့်ကာဆော့ရင်း Appa ရှေ့မှ ဆိုဖာခုံကြီးပေါ်သို့ ဝုန်းခနဲပစ်ထိုင်ချလိုက်သည့်အခါ Appa က မျက်နှာကြီးမာန်မဲလျက်စိုက်ကြည့်တာကိုခံလိုက်ရပေမယ့် သူ လေချွန်ရင်း ဂရုမစိုက်ထားလိုက်သည်။
သူ့ရှေ့မှာ ဟိုဘက်ဒီဘက်ကို အခေါက်ခေါက်အခါခါလမ်းလျှောက်နေတဲ့ Appa ဆီမှ စကားသံကတော်တော်နဲ့ထွက်မလာတာမို့
သူ လည်း ရှေ့မှဖန်စားပွဲထက်က စပျစ်သီးတွေကို ပါးစပ်ထဲသို့ တစ်လုံးပြီးတစ်လုံးကောက်ထည့်နေလိုက်သည်။"ဟမ်း!! "
သက်ပြင်းချသံအကျယ်ကြီးကြားလိုက်ရပြီးနောက်
Appa က မျက်နှာချင်းဆိုင်ဆိုဖာမှာ ထိုင်ချလိုက်ပြီး သူ့ကိုတည့်တည့်ကြည့်လာသည်။သူဂရုမစိုက်....
စပျစ်သီးလည်းအစားမပျက်....
အစေ့တွေလည်း ထွေးထုတ်မပျက်....
"မင်းအခု ဟိုမိန်းကလေးနဲ့တွေ့လာပြန်ပြီမလား? "
"အဲ့တော့? "
မျက်ခုံးပင့်ကာ
မျက်လုံးတစ်ချက်လှန်ကြည့်ပြီးနောက်
လက်ဖဝါးထဲမှ စပျစ်သီးတွေကိုလှိမ့်နေလိုက်သည်။မထီမဲ့မြင်ပြုလိုက်သော သူ့အပြုအမူက
Appa အတွက် မြင်တွေ့နေကျထုံးစံမို့
အထူးတလည်အော်ငေါက်မနေ...အော် Appa လည်း အချိန်ကြာလာတော့
ဒေါသထိန်းနိုင်လာပြီဘဲ...
သည်းခံနိုင်မှုမြင့်တက်လာတယ်လို့ဆိုလည်းရနိုင်မယ်....
YOU ARE READING
ချိုမြိန်သော...မုန်းတီးခြင်း
FanfictionOh Sehun ♡ LuHan မင်းကိုမုန်းတယ်... နာကျည်းလွန်းလို့ ... မခံမရပ်နိုင်ဖြစ်လွန်းလို့... တစ်ချိန်ထဲမှာပဲ ချစ်တယ်... မင်းကို သေလောက်အောင် ချစ်တာ ... မင်းကိုမုနး်တယ်... နာကျည်းလွန်းလို့ ... မခံမရပ်နိုင်ဖြစ်လွန်းလို့... တစ်...