Park Chanyeol ရဲ့အလုပ်တွေ
ဒီနေ့ဘဲအပြီးသတ်သွားလေပြီ။
မနက်ဖန်ဆို ကျနော်တို့် 
ကနေဒါကိုပြန်ကြတော့မှာမို့
ထုတ်ထားတဲ့ပစ္စည်းတွေကို
Luggage တွေထဲပြန်လည်သိမ်းဆည်းနေရင်း
ကျနော့်luggage ထဲမှာ ပါလာတဲ့
စာရွက်ကလေးနှစ်ရွက်ကိုသတိထားမိလိုက်တယ်ထောင့်စွန်းလေးတွေပင်အနည်းငယ်
စုတ်ပြဲကာ နွမ်းနွမ်းလေးဖြစ်နေသော
ထိုစာရွက်ကိုဖြန့်ကြည့်လိုက်တဲ့အခါမှာတော့
လက်ထပ်စာချုပ်ဖြစ်နေတာကိုတွေ့လိုက်ရတယ်။သူ နဲ့ ကျနော့်ရဲ့ နှစ်ဦးသဘောတူ
လက်မှတ်ထိုးစာချုပ်..............။အခုထိကျနော်နဲ့သူက
တရားဝင်သက်ဆိုင်နေသေးတာ
ဒါပေမယ့် မနက်ဖန်ဆိုရင်တော့
ဒီစာချုပ်ကအမှိုက်ပုံးထဲရောက်ရတော့မယ်။ဟုတ်တယ်.....မနက်ဖန် သူ့လက်ထပ်ပွဲ
မသိချင်တဲ့အကြောင်းကို
Park Chanyeol ကကျနော့်ထံသတိပေးတယ်။
ဒီအကြောင်းကိုကျနော်ကြားရင်
ဘာလုပ်မယ်လို့သူထင်လို့သတိပေးရသလဲ?သူ့ကို ကျနော့်ရင်ထဲကထုတ်လိုက်သင့်ကြောင်း
အသိပေးနေတာလား?
ကျနော်မပိုင်တော့တဲ့သူ့ကို
ကျနော့်ရင်ထဲကထုတ်ဖို့
အချိန် လေးနှစ်ကမလုံလောက်သေးလို့ပါ။
သူ့ကိုရင်ထဲထည့်ထားရတာ
ဘယ်လောက်နာကျင်တယ်ထင်လဲ?
ကျနော်လည်းပင်ပန်းတာဘဲ!စာရွက်ပေါ်ကသူ့လက်မှတ်ကလေးကို
ထိလိုက်ချိန် ကျနော့်ရင်ကအောင့်သည်။ဘာလို့ ခဏလေးပြန်လာတဲ့ကျနော့်ကို
စိတ်ချမ်းသာစရာက မဆီးကြိုရတာလဲ?
ကျနော်ထွက်သွားခဲ့တဲ့လေးနှစ်အချိန်တုန်းက
သူလက်ထပ်ခဲ့ရင်တောင်
ကျနော်ခံသာဦးမယ်ထင်တယ်။စာရွက်ပေါ်သို့
မျက်ရည်တစ်ပေါက်ကျသွားတော့မှ
ကျနော်ငိုနေမှန်းသိလိုက်တယ်။
ကျနော်ထားခဲ့တုန်းက
သူဘယ်လောက်ခံစားရမလဲ ကိုယ်ချင်းစာနိုင်ခဲ့ပြီ။
ရင်ဘတ်ကိုဓားနဲ့မွှန်းပြီး
နှလုံးကိုအစိတ်စိတ်အမွှာမွှာဖြစ်အောင်ဆုတ်ဖြဲနေသလိုဘဲ!
YOU ARE READING
ချိုမြိန်သော...မုန်းတီးခြင်း
FanfictionOh Sehun ♡ LuHan မင်းကိုမုန်းတယ်... နာကျည်းလွန်းလို့ ... မခံမရပ်နိုင်ဖြစ်လွန်းလို့... တစ်ချိန်ထဲမှာပဲ ချစ်တယ်... မင်းကို သေလောက်အောင် ချစ်တာ ... မင်းကိုမုနး်တယ်... နာကျည်းလွန်းလို့ ... မခံမရပ်နိုင်ဖြစ်လွန်းလို့... တစ်...